•အချစ်ည•[UNICODE]

221 27 0
                                    

Chimonက Perthတို့အိမ်မှာပဲ နေဖြစ်သည် ။ ဒီအိမ်မှာနေခဲ့သည့်သုံးရက်အတွင်း Perthဆိုတဲ့ကောင်လေးကိုတော့ ပြပွဲနေ့ပြီးကတည်းက မျက်နှာချင်းမဆိုင်ဖြစ် ။ အိမ်မှာလည်း မမြင်ရပင် ။

Chimonရဲ့လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံရလွယ်တဲ့အကျင့်ကြောင့် ဒီအိမ်က ထမင်းချက်အဒေါ်ကြီးနဲ့ပင် ရင်းနှီးနေပြီဖြစ်သည် ။ Chimonက အိမ်အလုပ်တွေအမြဲကူလုပ်ပေးတတ်သည် ။ ထိုသို့လုပ်ပေးသည့်အကြိမ်တိုင်းတွင်လည်း အဒေါ်ကြီးက သူ့လက်တွေကို တယုတယကိုင်ကာ အနုပညာလက်ကလေး ထိလိုက်ရင်တောင်ပွန်းပဲ့သွားမှာစိုးရတာကြောင့် ကူမလုပ်ဖို့ပြောတတ်သည် ။ ဒါပေမယ့် သူများအိမ်တွင် အလကားမနေချင်တဲ့Chimonကတော့ တတ်နိုင်တာ ကူလုပ်ပေးလေ့ရှိသည် ။ အခုလည်း အရွက်တွေကို ဓားဖြင့်ကူလှီးပေးနေပြန်သည် ။

"အဒေါ်ဗျ Nongကို အိမ်မှာမတွေ့ရဘူးနော် ပုံမှန်လည်း အဲ့လိုပဲလား"

"ပုံမှန်ပါပဲကွယ် လူငယ်လေးဆိုတော့ အပျော်အပါးကမက်ရှာတယ် ညည့်နက်မှပြန်လာပြီး မနက်အစောကြီး ပြန်ပြန်ထွက်သွားတတ်တာ အဒေါ်က အဲ့ကလေး ငယ်ငယ်ကတည်းက ထိန်းကျောင်းလာရတော့ အပေါင်းအသင်းမှားပြီး လမ်းမှားရောက်မှာတော့ စိုးရိမ်သား အဒေါ့်မှာလည်း သွေးသားရင်းခြာကမရှိတော့ Perthလေးကို သားအရင်းလေးလိုပဲ သဘောထားတာ"

Chimonက အဒေါ်ကြီးပြောတာတွေကို ဂရုတစိုက်နားထောင်နေသည် ။ အင်္ဂလန်မှာ Chimon ဒီလိုလူငယ်တွေအများကြီးမြင်ခဲ့ရသည် ။ စူးစမ်းချင်စိတ်များလွန်းပြီး အသစ်သစ်တွေစမ်းရာကနေ ပျက်စီးသွားတဲ့သူရှိသလိုမျိုး အောင်မြင်တဲ့လူငယ်လေးတွေလည်း ရှိရှာသည် ။ Perthကတော့ ဘယ်လိုလူလဲမသိပင် ။

Chimonက သူ့အာရုံဖြင့်စိတ်လွတ်သွားပြီး ဓားကလက်ကိုရှသွားသည် ။

"အာ့"

"သားလေး အဆင်ပြေရဲ့လား ‌အဒေါ်ပြောပါတယ် ခိုက်မိမှာစိုးလို့ မလုပ်ပါနဲ့ဆို"

ထိုအချိန် ဘယ်ကနေထွက်လာမှန်းမသိတဲ့ Perthက Chimonရဲ့သွေးထွက်နေတဲ့လက်ကို ငုံခဲလိုက်သည် ။ ရုတ်တရက်ဆန်လွန်းတာကြောင့် Chimonလည်း တွန့်ခနဲဖြစ်သွားရသည် ။ ခဏအကြာ ငုံခဲထားရာမှလွတ်ပေးပြီး...

O u r S c e n a r i o [COMPLETE]Where stories live. Discover now