•ခြေလှမ်း• [ZAWGYI]

101 5 0
                                    

ဝါကျင့်ကျင့်မီးအလင်းရောင်တစ်ခုဖြာကျနေတဲ့အခန်းတစ်ခုဝယ် ။ ကြီးမားတဲ့ကုတင်တစ်ခုပေါ်..ပြန့်ကျဲနေတဲ့အဖြူရောင်စောင်တစ်ထည်..ဖြူလွှလွှမွေ့ယာပေါ်မှာ ချွဲကျိကျိအရည်တွေက ဟိုတစ်စ ဒီတစ်စ ။ အမျိုးသားနှစ်ယောက်အိပ်ဖို့ လုံလောက်တဲ့နေရာအပိုင်းအခြားရှိတဲ့ကုတင်တစ်ခုပေါ်မှာ ဘာကြောင့်များ ဒီလူနှစ်ယောက်က ပူးကပ်နေရတာလဲ??

အသားချင်းထိသည့်အထိ ပူးကပ်နေပေမယ့် ဖက်တွယ်ထားခြင်းလည်း အလျှင်းမရှိပင် ။ Perthရော Chimonရော မနေ့က အိမ်မပြန်ဖြစ်ပင် ။ အနီးအနားကဟိုတယ်တစ်ခုမှာပဲ အခန်းယူကာ အချစ်နွံနစ်ခဲ့ကြသည် ။ နှစ်ယောက်လုံး ကြည်ကြည်ဖြူဖြူပါပဲ ။ ရပ်လိုက်ဖို့စိတ်ကူးမရှိတဲ့သူရယ် တားဖို့စိတ်ကူးမရှိတဲ့သူရယ် ။ ဘယ်ပုဒ်မနဲ့မှ မငြှိစွန်းပါပဲ သူတို့အချင်းချင်းငြှိစွန်းခဲ့ကြသည် ။

ညည့်နက်သည်အထိ တော်တော်ကြာအောင် မရပ်မနားအလုပ်ကြိုးစားခဲ့ရတာကြောင့် မနက်ပိုင်းမှာ ဘယ်သူမှစောစောမနိုးကြပင် ။ သို့သော် ၆နာရီတိုင်း ပုံမှန်အိပ်ယာထတတ်သော Chimonကတော့ ၆နာရီခွဲမှာ နိုးလာခဲ့သည် ။ သူ့ဘေးက Perthကိုကြည့်လိုက်တော့ အိပ်မောကျနေပုံပေါ်တာကြောင့် မနိုးတော့ပဲ Chimonဘာသာပဲ ထသွားလိုက်သည် ။ Sexကိစ္စအတွက်အတွေ့အကြုံက Chimonအတွက် ပထမဆုံးဖြစ်တာကြောင့် စူးစူးအောင့်အောင့်နာကျင်မှုကိုတော့ ခံစားလိုက်ရသည် ။ ကွန်ဒုံးမသုံးခဲ့တာကြောင့် လက်ကျန်အရည်တချို့က Chimonရဲ့ပေါင်ခြံပေါ် စီးဆင်းလာသည် ။

ရေအေးအေးက မျက်နှာကိုထိတော့မှ အသိစိတ်တို့ကလည်း ပြန်ဝင်လာသည် ။ Perthနဲ့ သူ့ကြားက အခြေအနဟာ ချစ်ခြင်း သဘောကျခြင်းတို့ မည်သူ့နှုတ်မှမပြောကြသော်လည်း ဆက်ဆံရေးတစ်ခု၏အဆုံးစွန်သို့ ရောက်လာကြပြီဖြစ်သည် ။ One Night Standဆိုတဲ့အသုံးအနှုန်းထက်လည်း ပိုသည့် Partner တစ်ယောက်သာ ။

အမှန်တကယ်ဆို Chimonက ဒီနေ့အတွက် အင်္ဂလန်ပြန်ဖို့ လေယာဉ်လက်မှတ်ဝယ်ထားပြီးသားဖြစ်သည် ။ လေယာဉ်က နေ့လည်၃နာရီထွက်မည်ဖြစ်တာကြောင့် Chimonက အဆင်သင့်ပြင်ပြီး လေဆိပ်၌သွားစောင့်နေရုံသာ ။ မနေ့ကအဖြစ်အပျက်ရယ် အတူတူဖြစ်ပျက်ခဲ့တဲ့သူရယ်ကိုတော့ Chimonမမေ့ပစ်ပါဘူး ။ ထိုင်းကိုပြန်လာဖြစ်မည်လားဆိုရင်တော့ အခွင့်အရေးရှိရင် ပြန်လာပြီး Perthကိုတွေ့ချင်ပါသည် ။

O u r S c e n a r i o [COMPLETE]Where stories live. Discover now