အပိုင်း(၂)

20 2 0
                                    

နောင်တို့ကျောင်းရဲ့ကျောင်းအုပ်ကြီးဆီကဆက်သွယ်လာမှုကြောင့် ဒေါ်မေနောင် ကျောင်းရှေ့သို့ရောက်ရှိလာသည်။မျက်နှာတော့မကောင်းလှ။ထို့နောက် ကျောင်းရုံးခန်းဆီသို့ခြေလှမ်းဆက်လိုက်သည်။ရုံးခန်းထဲတွင် ဆံပင်စုတ်ဖွာနဲ့ ထိုင်နေသည့် နောင်နှင့် ဘေးကမျက်နှာဒဏ်ရာ အနည်းငယ်ရရှိထားသော ကောင်မလေးနှစ်ယောက်ရှိနေ၏။ဒေါ်မေနောင် နောင့်ကိုတစ်ချက်ကြည့်ပြီး ကျောင်းအုပ်ကြီးကိုနှုတ်ဆက်လိုက်သည်။

"ဆရာကြီး နေကောင်းရဲ့လားရှင့် ကျွန်မကိုခေါ်တဲ့အကြောင်းအရင်းက "

"ဒီလိုပါ ဒေါ်မေနောင် ကျောင်းသူနွေရွက်နုနောင်က ဘေးက ကျောင်းသူနှစ်ယောက်ကို ထိခိုက်ဒဏ်ရာ ရအောင်လုပ်လိုက်လို့ မိဘတွေကိုလက်မှတ်ထိုးဖို့ ကျောင်းဆီခေါ်ရတာပါ"

ဝင်လာကတည်းက ဒေါ်မေနောင်မြင်ထား၍ ထင်ထားသည့်အတိုင်းပင်ဖြစ်နေတာကြောင့် သူမအံ့ဩမနေတော့ပါ။ထို့နောက် နောင့်ဘက်လှည့်ကာ မျက်နှာထားတည်ဖြင့်

"ဘယ်လိုဖြစ်တာလဲနောင်"

"သူတို့ နောင့်ပစ္စည်းထိလို့"

စိတ်ကြီးပြီး လူဝင်မဆန့်သည့် သမီးအကြောင်းသိသောကြောင့် သူမသက်ပြင်းတစ်ချက်ချကာ ဆရာကြီးဘက်သို့ပြန်ကြည့်လိုက်သည်။

"ဆရာကြီးကြားတဲ့အတိုင်းပဲ ဆရာကြီးက ကျွန်မကိုဘာလုပ်စေချင်လို့ခေါ်လိုက်တာလဲ"

ဒေါ်မေနောင် မာန်ပါပါနဲ့ပြောလိုက်တော့ ကျောင်းအုပ်ကြီး မျက်နှာတစ်ချက်ပျက်သွားကာ ချက်ချင်းပြန်ပြုံးလိုက်ရပြီး

"ဒေါ်မေနောင်ကို ဒီမှာလက်မှတ်ထိုးစေချင်ရုံပါ ဒီလိုနောက်တစ်ခါထပ်မဖြစ်ရအောင်လို့လေ"

မျက်နှာချိုသွေးပြီးပြောနေသော ထိုလူကို ဒေါ်မေနောင် စူးရှစွာကြည့်နေသည်။ဒေါ်မေနောင်တို့လို အရှိန်အဝါရှိသည့်သူတွေကို ကြောက်ကြသည်မဟုတ်လား။ကျောင်းအုပ်ကြီး ကမ်းပေးလာသော စာရွက်ကိုဖတ်ပြီး ဒေါ်မေနောင် လက်မှတ်ထိုးလိုက်သည်။

"သမီးနွေရွက်နုနောင်ကို စာလုပ်ဖို့လည်း ဒေါ်မေနောင်ကိုတိုက်တွန်းစေချင်ပါတယ် အတန်းထဲမှာ ကျောင်းသူလေးက နောက်ဆုံးမှာအဆင့်ရပ်နေတာပါ"

နောင့်ရဲ့နောင်တWhere stories live. Discover now