....ရတီ့အသက်17ရှိပြီဖြစ်သည်။...မွေးနေ့ပွဲတုန်းက ရတီအားပေးခဲ့တဲ့မမရဲ့လက်ဆောင်
လက်ပက်နာရီလေးအား..သုလေးကိုပေးလိုက်သည်။သူမနှင့်ပက်သက်သမျှကိုရတီရွံရှာမုန်းတီးလှသည်။
သူမနှင့်သုလေးတို့တွဲတာ...သုံးလရှိပြီ...အခုလောက်ဆိုမမလည်းရတီနဲ့သုလေးတွဲနေတာသိသွားလောက်ပြီလို့ထင်သည်..။သုလေးက ရတီ့အားဂရုစိုက်ရှာပါသည်။သုလေးအပေါ်ရတီဘယ်လိုသဘောထားသည်မသိ..သေချာတာကတော့..မမအတွက်ရတီအခုလိုလုပ်တာဟာနာကျင်ရလိမ့်မယ်လို့ထင်သည်။
မောင်လေ..မအတွက်....လက်ဆောင်လေးပြင်ဆင်လာတယ်သိလား...။သူမတို့ပန်းခြံတစ်ခုထဲက သစ်ပင်ရိပ်အောက်က ခုံတန်းလေးပေါ်တွင်..။"ဘာလဲ..မောင်..။"
"သိခြင်ရင်..မျက်လုံးမှိတ်..။"
ရတီသုလေးအားမျက်စောင်းထိုးလိုက်ကာမျက်လုံးကိုသူ့အလိုကျမှိတ်လိုက်သည်။
"ကြည့်လို့ရပါပြီဗျ...။"
ရတီမျက်လုံးအားပြန်ဖွင့်လိုက်တော့ လက်ကောက်ဝတ်နားက..လက်ကောက်သီးလေးတစ်ခု...။
"ဟာ...လှလိုက်တာ...။"
"အင်း..မ ကြိုက်တယ်မဟုတ်လားဟင်..။"
"ကြိုက်တာပေါ့မောင်ရဲ့ မတန်ဖိုးထားပါ့မယ်နော်..။"
"..ဒီမှာလေ မောင့်နားမှာတစ်ခု...မကနေ..မောင်ကလမင်းကြီးပေါ့.....။မရှိ မှမောင်ကထွန်းလင်းနိုင်မှာ"
"အမလေး..စကားတွေတတ်နေလိုက်တာနော်....။"
"မ ဘယ်တော့မှမချွတ်ရဘူးနော်..။"
"မချွတ်ပါဘူးမောင်ရဲ့.....။"
ရတီသုလေးပုခုံးပေါ်အားခေါင်းမှီလိုက်သည်။
ဒီနေ့ရဲ့ရှုခင်းဟာပုဇွန်ဆီရောင်ဖြစ်ပြီသာယာလှပနေသည်။
~~~~~~~~~~~~~~~~
ရတီ.စံပယ်ပန်းပင်လေးတွေအားရေလောင်းနေလိုက်သည်။အမအဖွားအိမ်က ယူလာတဲ့စံပယ်ပန်းလေးဟာ..တော်တော်ကြီး
လာပြီဖြစ်သည်။အခုပန်းပွင့်လေးတောင်ပွင့်ပြီး..မွှေးပြန့်လို့။"ကလေးရေ.......။ "
ရတီ..ရေပိုက်အားခြကာ..ခြံတံခါးသွားဖွင့်ပေးလိုက်သည်။
YOU ARE READING
#What is love #
Romanceထွန်းအိန္ဒြာ-ကလေးမမကိုချစ်လားဟင်.....။ ရတီချို.- အဟင်း. မမရဲ့ပါးချိုင့်လေး တွေထဲမှာရတီရုန်းမထွက်နိုင်လောက်အောင်နစ်ဝင်ပြီးသွားပါပြီရှင်..။