"မေမေ...""ဘာလဲသား.......။"
ဂျေဂျေ...မေမေ့အား..သူတွေ့ခဲ့သည်များအားပြောသင့်မပြောသင့်စဥ်းစားနေသည်။
ခွေးစုတ်ပွားလေးအားပေါ်ပေါင်တင်ကာ..ခေါင်းလေးပွတ်ပေးကာပြုံးရွှင်နေသော.မေမေ့အားကြည့်ကာ....။." ဟိုလေ..မေမေသားကိုသဘောတူထားတဲ့ကောင်မလေးလေ...။"
ထိုစကားကြားတော့မေမေက ဂျေဂျေ့အားမော့ကြည့်လာကာ...
"အင်းဘယ်လိုလဲသား..သူသားကိုပြန်စိတ်ဝင်စားပြီလား....။"
"အာ..မေမေကလည်း..အဲ့တာမဟုတ်ဘူး....။"
"ဟေ..ဘာလဲဆို..အဲ့တာမဟုတ်ရင်...။"
"သားသူ့အကြောင်းတွေ
ကိုအခုတစ်လောလိုက်စုံစမ်းကြည့်တာလေ..။"
"ကောင်မလေးကရည်းစားတော့မရှိဘူး..။ဒါပေမယ့်...သူရည်စားဖြစ်ဖူးတဲ့..ကောင်လေးနဲ့..သားက သူငယ်ချင်းဆိုတော့လေ...။""အဲ့ဒီတော့....သဘောကျလို့မရဘူးပေါ့ဟုတ်လား..။ဘာဆိုင်လို့လည်းသားရယ်..သားသူငယ်ချင်းနဲ့က အဲ့ဒီကလေးမလေးနဲ့က..ပြတ်သွားပြီကိုဘာသက်ဆိုင်တော့လို့လဲ....။"
"မေမေကလည်း.သားစကားဆုံးအောင်နားထောင်ပါအုန်း.....။"
"အဲ့တာမဟုတ်ဘူး..။ကောင်မလေးရဲ့..အမဆိုလားဘာလဲ..အဲဒီတစ်ယောက်နဲ့တော့..တော်တော်လေးရင်းနှီးကြတာမေမေရယ်....ဟိုတစ်လောကလည်းသားသူ့ကိုတွေ့သေးတယ်..အဒီအမနဲ့ပဲပြုံး
ရွှင်နေလိုက်တာများ...အမြဲတမ်းဆိုမျက်နှာတည်တည်နဲ့ပဲနေတတ်တဲ့ကောင်မလေး..အဲဒီအမနားမှာဆိုအမြဲတမ်းအပြုံးချိုချိုလေးတွေနဲ့ပဲသူ့ကိုတွေ့ရတတ်တယ်။""သားကလည်း..ဘာထူးဆန်းတာမှတ်လို့.....။"
"မဟုတ်ဘူးမေမေသားစိတ်ထဲမှာသူတို့နှစ်ယောက်ကိုအတူတူတွဲတွေ့လိုက်တိုင်းစိတ်ခုနေတယ်။"
"ဟေ.....ဘာကြောင့်လဲသားရဲ့....။"
"အခုခေတ်ကလေ..မေမေ မသိလို့.....။"
ဂျေဂျေမေမက.သူ့စကားများအားဂရုတစ်စိုက်နားထောင်နေလသေည်။
"အခုခေတ်ကလေ.....မိန်းကလေးခြင်းခြင်းလည်းမရိုးသားကြဘူး။"
"ဟေ....။"
YOU ARE READING
#What is love #
Romanceထွန်းအိန္ဒြာ-ကလေးမမကိုချစ်လားဟင်.....။ ရတီချို.- အဟင်း. မမရဲ့ပါးချိုင့်လေး တွေထဲမှာရတီရုန်းမထွက်နိုင်လောက်အောင်နစ်ဝင်ပြီးသွားပါပြီရှင်..။