Unicode
Our first meet
ဒီဇာတ်လမ်းလေးက ဒီဇင်ဘာလ ၈ ရက်နေ့သောကြာနေ့မှာ စတင်တယ်။
မြူနှင်းလေးများတဖွဖွဲကျဆင်းနေပြီး ပတ်ဝန်းကျင်ကအရာအားလုံးဟာ နှင်းဖြူဖြူလေးတွေနဲ့ဖုံးလွှမ်းလို့နေပါတယ်။
အိမ်ရှေ့တံခါးဖွင့်လိုက်တာနဲ့ ရေခဲရိုက်သလို အေးစိမ့်နေတဲ့ လေတွေက ရင်ထဲစိမ့်ဝင်သွားသလိုပဲ။
အနွေးထည်တွေ အထပ်ထပ်ဝတ်ထားလဲ မနွေးထွေးနိုင်။ဒီနှစ်ဆောင်းက ခါတိုင်းထက်ပိုအေးနေသလိုပဲ။
ကျောပိုးအိတ်ကို ဘေးတစောင်းလွယ်ရင်း ဖိနပ်ကြိုးတွေကိုသေချာစီးနှောင်လိုက်သည်။
'ဆောင်ဟွန်း ကျောင်းသွားတော့မို့လား'
'ဟုတ်ကဲ့ ဦးလေး'
အိမ်ရှေ့မျက်စောင်းထိုးက ဦးလေးကြီးက မနက်တိုင်း နှုတ်ဆက်တယ်။ ပြီးရင် သူ့အိမ်ထဲ ပြန်ဝင်သွားပြီး တနေကုန် အိမ်ထဲမှာပဲ တီဗွီကြည့်တယ်။
သူ့ရဲ့မနက်စောစောတာဝန်က လမ်းပိတ်နေတဲ့ ဆီးနှင်းတွေကို ကော်ပြားနဲ့ ကော်ပြီး လမ်းရှင်းဖို့ပါပဲ။
ဆောင်ဟွန်းကျောင်းက ဝေးတော့ နေ့တိုင်း ရထားနဲ့ တစ်နာရီနီးပါးစီးရတယ်။ အဲ့ဒါမနက်တိုင်းပဲ ညနေဘက်ကိုတော့ ဘတ်စ်ကားမှီရင်စီးပေါ့၊ မမီရင်တော့ နောက်ဆုံး မြေအောက်ရထားကို စောင့်ရတယ်။
မနက် ၆ နာရီ။
ရထားတွဲတိုင်းမှာခုံအလွတ်တွေချည်းပဲ။ ခရီးသည်လဲသိပ်မပါ..ကြည့်ရတာ ဒီတခါလဲ အိမ်ပြန်ဖို့သူငယ်ချင်းအဖော်မရပြန်ဘူးတူပါရဲ့။
ဆောင်ဟွန်းစိတ်ထဲ ဘာရယ်မဟုတ် လှိုက်ခနဲ ဝမ်းနည်းသွားတယ်။ ပြီးတော့အိမ်ကအမေ့ကို အပြစ်တင်လိုက်တယ်။
အမေဘာကြောင့်များ ကျောင်းနဲ့ဝေးတဲ့ အိမ်ကို ငှါးရတာလဲ။ အခုတော့ အရင်နှစ်တွေကလိုပဲ ဆောင်ဟွန်းရဲ့ တနှစ်တာက အဖော်မရှိ တစ်ယောက်တည်းဖြစ်ပြန်ပြီတူတယ်။
ရထားတွဲနောက်တခန်းဆီ ကူးလူးလိုက်တော့ အဲ့ဘက်အတွဲမှာ လူအနည်းငယ်နေရာခြားထိုင်နေကြသည်။ ပြီးတော့ သူ့လို ယူနီဖောင်း ဝတ်ထားတဲ့ကျောင်းသားတစ်ယောက်ကို တွေ့တယ်။