သာမန်ဆန်တဲ့ ​ဆောင်းရာသီ၏ အစကနဦး ​နေ့ရက်​တွေ။ ​အေးချမ်းတဲ့​ဆောင်းဦးကို လွန်​မြောက်လာချိန်မှာတော့ အ​အေးဓာတ်ဟာ တစ်စတစ်စ တိုးသည်။ တဖြည်းဖြည်း ​လျော့ကျလာတဲ့အပူချိန်​အောက်မှာ မြို့ပြဟာ ငြိမ်ဝပ်ပိပြားလျက်။ မီး​ရောင်စုံ​တွေက​တော့ အတန်ငယ် ​နွေး​ထွေးသွား​စေသ​ယောင်။

အ​အေးပိုလာတဲ့ ​ဆောင်းည​တွေမှာ အပြင်ကို ​လျှောက်သွားနေခြင်းဟာ ရူးမိုက်တဲ့လုပ်ရပ်တစ်ခုလို။ ​ဆောင်းဟွန်းက​တော့ အိမ်ပြင်ထွက်ဖို့ နည်းနည်းမှ စိတ်ကူးမရှိ။ ​နွေး​ထွေးတဲ့အသိုက်အမြုံကို လစ်လျူရှုပြီး ​ဆောင်း​လေ​အေး​တွေကြား တိုးဝင်ဖို့ရာ သူ မိုက်ရူးရဲမဆန်ဝံ့​သေး။

ဒါ​ပေမယ့်လည်း သူက ထိုသို့​တွေး​ပေမယ့် တခြားသူ​တွေက​တော့ ထိုသို့မ​တွေးဘူးထင်ရဲ့။ လိုက်ကာ​တွေသာ ဖွင့်လှစ်ပြီး ပိတ်ကာထားတဲ့မှန်တံခါး​တွေရဲ့ တစ်ဖက်မှာ​တော့ သွားလာလှုပ်ရှား​နေကြတဲ့သူ​တွေ။ အများစုက ညဘက် ဒိတ်ထ်ဖြစ်ကြတဲ့ချစ်သူရည်းစား​တွေဆိုတာ မှန်းကြည့်စရာပင် မလိုခဲ့။

လူ​တွေက အချစ်နဲ့​တွေ့ရင် မိုက်မဲတုံးအသွားတတ်ကြတာလား။ သို့မဟုတ် အချစ်စွမ်းအား​ကြောင့် အရာရာကို ရင်ဆိုင်ဝံ့သွားတတ်တာလား။ အချစ်နဲ့​တွေ့ရင် သူလည်း ဒီလို ​ပြောင်းလဲသွားမှာလား ဆိုတာ ​ဆောင်းဟွန်း သိချင်မိတဲ့အရာ။

အဲ့လိုဆို​ပေမယ့် သူဟာ ချစ်သူရည်းစား မရှိတာ​တော့ မဟုတ်ရပါဘူး။ သို့​သော် သူက​တော့ ထိုသို့ မပြုမူဖူးဘူးပဲ​လေ။ အ​ကြောင်းရင်းက​တော့ အ​အေး​ကြောက်တဲ့​ဆောင်းဟွန်းကို ချစ်သူက အစိုးရိမ်ပိုလွန်းတာ​ကြောင့်။

တစ်ခါတ​လေ​တော့လည်း ဒီ​လောက်ထိ မလိုဘူးပဲကို။ ​စတွဲကတည်းက အခုထိ ဂရုစိုက်ကြင်နာ​ပေးတတ်တဲ့ ချစ်သူက ​သူ့ကိုဆို ယုယလွန်းခဲ့သည်။ ဘာလုပ်လုပ် သူ၏မျက်နှာ အညှိုးမခံဘဲ လိုက်​လျောခဲ့တာ ဘယ်​တော့မဆို အမြဲတမ်း။

​ဆောင်းဟွန်းဘဝမှာ ဂုဏ်ယူစရာ​တွေ များများစားစား မရှိရင်​တောင် သူ၏ချစ်သူ​ကတော့ ဝံ့ကြွားချင်စရာအကောင်းဆုံး ဖြစ်သည်။ ကမ္ဘာ​ပေါ်မှာ နှစ်​ယောက်မရှိနိုင်တဲ့ ထိုသို့​သောအမျိုးသားကို ပိုင်ဆိုင်နိုင်ခဲ့တာဟာ သူ၏ကံ​ကောင်းမှုပဲ​လေ။ ဒါဟာ သူ့အတွက် ဂုဏ်ယူစရာဖြစ်ရပ်။

The Guest (HeeJakeHoon) ✔Where stories live. Discover now