3

319 42 4
                                    


" နေပါဦး မင်းကိုဘယ်သူကထခွင့်ပေးလို့လဲ "

အမိန့်ဆန်တဲ့စကားတစ်ခွန်းကြောင့် လီဆာကိုယ်နဲ့ ဆိုဖာပြန်ကပ်သွားတယ် ။ လေထုကပိုအေးလာသလိုခံစားရပြီး ရင်တွေတုန်နေမိခဲ့တယ်

အရှေ့ကအမျိုးသမီးက သူ့အလုပ်ရှင်မလား ။ တစ်ဇွတ်ထိုးဆန်မိသလိုဖြစ်သွားပြီးမှ နောင်တရလာသည် သူအလုပ်များထုတ်ခံရမလား ...

ကြောက်စိတ်တွေတစ်စတစ်စတိုး၀င်လာတော့ လက်ဖျားတွေအေးစက်လာသည်ကို သတိထားမိလိုက်သည်။

" ကြောက်နေတာလား လာလီဆာ "

မျက်နှာတည်ထားတဲ့မိန်းမက အေးစက်တဲ့လေသံနဲ့ ခနဲ့သည်။

" မင်းကဒီမှာ အသက်မပြည့်တဲ့တစ်ဦးတည်းသော၀န်ထမ်းနော် ။မန်နေဂျာကမင်းကိုဘာကြည့်ပြီး လက်ခံထားတာလဲ "

ဒီအမျိုးသမီးက ဘယ်လိုသိသွားတာလဲ မန်နေဂျာ​ကြီးက လျှ်ို့ဝှက်ထားပေးမယ်ဆိုပြီး လူကိုလိမ်သွားတာလား ဒီအလုပ်ကထုတ်ခံထိရင် နောက်အလုပ်ရှာဖို့ကမလွယ်ကူဘူးလေ ။

" ငါဘယ်လိုသိလဲ စဥ်းစားမနေနဲ့ မင်းမျက်နှာကြည့်တာနဲ့အသက်မပြည့်တာသိတယ် "

"......"

" ပါးစပ်ပါရင် ပြန်ဖြေ "

တဖြည်းဖြည်းကျယ်လာတဲ့ ဥက္ကဋ္ဌဆိုတဲ့အမျိုးသမီးအသံကြောင့် လီဆာကိုယ်တွေတောင့်လာသလို အငွေ့ပြန်ပြီးပျောက်ကွယ်သွားချင်သလိုဖြစ်လာသည်။

" ကျွန်မ ကျွန်မက ကျောင်းတက်ဖို့ငွေအခက်အခဲရှိတာမို့ မန်နေဂျာက လက်ခံပေးတာပါ "

" မန်နေဂျာက ငါမရှိတဲ့၃လအတွင်းလုပ်ချင်တာ လုပ်ထားတာဘဲ "

ပေါ့ပါးနေတဲ့လေသံက တကယ်တုန်လှုပ်ဖွယ်ကောင်းသည်။ဒီလိုခံစားမှုမျိုး လီဆာဘ၀မှာတစ်ခါမှမဖြစ်ဖူးဘူး ။

ထိုအမျိုးသမီးဘာဆက်ပြောမလဲသူမ၀ံ့ရဲစွာ စောင့်နေမိတယ်သူ့ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းကို ထိုအမျိုးသမီးရဲ့ နီရဲရဲနှုတ်ခမ်းကထွက်လာမယ့်စကားတွေက ဆုံးဖြတ်ပေးလိမ့်မည်။

တကယ့်အခက်အခဲကြုံလာတဲ့အချိန်မှာ မြည်လာတဲ့ဖုန်းသံကို သူကျေးဇူးသိပ်တင်မိတာဘဲ ။ ထိုအမျိုးသမီးက မြည်နေတဲ့ဖုန်းကို ကြည့်ပြီး မက်ိုင်သေးဘဲ လီဆာ့ကိုစိုက်ကြည့်ကာ

ElysianWhere stories live. Discover now