" လီဆာ နင်အဆင်ပြေပြီလား "အဖေဖြစ်သူဆုံးပြီးကတည်းက တည်ငြိမ်တဲ့လီဆာဟာပိုပြီးတော့တိတ်ဆိတ်လာတယ်။အမြဲတမ်းမှိုင်တွေနေတတ်ပြီးအသိစိတ်တွေပျောက်နေသလို ဖြစ်နေခဲ့သည်။
" ငါအဆင်ပြေပါတယ် ချယ်ယောင်း "
ပြိုလဲနေတဲ့အချိန် သူ့အနားရှိနေပေးကြတဲ့ချယ်ယောင်းနဲ့ဂျယ်ဟွန်းတို့ကြောင့် အားတွေအများကြီးရခဲ့ပါတယ်။
သူတို့၂ယောက်သာမရှိရင် သူဟာ စိတ်ဓါတ်ကျလွန်ပြီးဆေးရုံတောင်ရောက်သွားနိုင်တယ်။ ကိုယ့်ကိုကိုယ်သန်မာလွန်းပြီထင်နေတာ အဖေမရှိတော့ဘူးဆိုတဲ့အသိနဲ့တင်သူဟာဘယ်လိုမှ မရပ်တည်နိုင်ဘူး။
" မှိုင်တွေမနေနဲ့ လီဆာ ငါတို့ရှိတယ်လေ "
" ဟုတ်တယ် ငါ့ရဲ့လီဆာလေးက သန်မာတဲ့ကောင်မလေးဘဲကို ထ နေ့လည်စာသွားစားမယ် "
" ဟုတ်တယ် သွားရအောင်လီဆာ ငါနင့်ကို၀ယ်ကျွေးမယ် "
" အံ့မယ် သူ့မုန့်နည်းနည်းလေးစားရင်တောင်အသံပြဲနဲ့ထအော်တဲ့ လူကများ မုန့်၀ယ်ကျွေးမယ်တဲ့လား "
အမြဲတမ်း ရုပ်တည်နေတဲ့သူက အခုမှပြုံးရင်းစနောက်လာတော့ချယ်ယောင်း စိတ်သက်သာသွားသည်။
သူစရင်အမြဲတမ်းစိတ်ဆိုးတတ်ပေမယ့် ဒီတစ်ခါတော့အလျှော့ပေးလိုက်ပါတယ် စိတ်အခြေအနေမကောင်းတဲ့သူဖြစ်နေလို့ ပျော်အောင်ထားပေးရမယ်လေ။
" ကြာတယ်ဟာ သွားမယ် "
ရုတ်တရက် ချယ်ယောင်းနဲ့ဂျယ်ဟွန်းကဘယ်တစ်ဖက်ညာတစ်ဖက်ဆွဲခေါ်လာတော့ လီဆာဟာတောင့်တောင့်ကြီးပါလာရသည်။
လျင်မြန်လှသည့်အရှိန်ကြောင့်သူမရုန်းနိုင်ဘဲ သူတို့ခေါ်ရာနောက်ခပ်မြန်မြန်လိုက်ရသေးသည်။ တကယ်ကိုရုပ်ပျက် ဆင်းပျက် ဖြစ်နေမှာ။
" ရူဘီဂျိန်းကင်မ်လေ .. ဒီနေ့ကျောင်းကိုလာမှာတဲ့ "
မေ့နေပြီဖြစ်တဲ့နာမည်ကို မထင်မှတ်စွာကြားလိုက်ရတော့ လီဆာ့ကျောပြင်တွေအလိုလိုတောင့်သွားရပြန်သည်။
" သူက ဘာလို့လာတာလဲ "
" သူက ဒီကျောင်းရဲ့အရေးကြီးပုဂ္ဂိုလ်လို့ပြောတာဘဲ ငါသေချာမသိဘူး "