Part (2)

2.8K 186 9
                                    

ကားထဲတွင်..

ရှောင်းကျန့်ကတိတ်ဆိတ်နေသလိုကျန်တဲ့သူတွေလဲစကားမပြောဖြစ်ပေ။

ရှောင်းဂျန်ရှင်းကတော့ညီဖြစ်သူမျက်နှာကိုမကြာခဏလှည့်ကြည့်နေမိသည်။

ထိုလူဆိုးကောင်းနဲ့ကိုယ့်ညီကိုဘယ်လိုမှသဘောမတူနိုင်သောကြောင့်လမ်းခွဲခိုင်းခြင်းဖြစ်သည်။

အစကတော့ကိုယ့်ညီကချစ်မိနေတာမို့ကိုယ့်ဘက်ကငြိမ်ပေးနေတာ။
ဒီကောင်အကြောင်းသိသွားရင်အဆက်ဖြတ်မှာပါဆိုတဲ့အတွေးနဲ့ပေါ့။
မကြာခင်မှသိရတာဝမ်ရိပေါ်ကမိန်းကလေးတွေနဲ့ထည်လဲတွဲတဲ့ playboyဖြစ်သည်ကို။
ဝမ်ရိပေါ်ကရပ်ကွက်ထဲစရောက်ကတည်းကပြသနာသောင်းခြောက်ထောင်နဲ့ပဲ။
မကြာခဏဆိုသလိုအချုပ်ထဲအိပ်ရတယ်။

ကိုယ်နဲ့တစ်ခါငြိဖူးတာမို့ကိုယ့်ညီကိုလာနွယ်တာတောင်မတားနိုင်ခဲ့ဘူး။

ကိုယ့်ချစ်သူက ဝမ်ရိပေါ်နဲ့ပြိုင်လုခဲ့ရသည်။
သူမကိုကိုယ်အပိုင်ရပြီးမကြာခင်မှာပဲဝမ်ရိပေါ်ကကိုယ့်ညီဘက်ကိုလှည့်လာခြင်းဖြစ်သည်။
ကိုယ့်ကိုအနိုင်ယူလိုစိတ်ရှိသည်မို့ကိုယ့်ညီကိုတော့တားနိုင်သမျှတားရမည်။

အိမ်ပြန်ရောက်တော့ရှောင်းကျန့်ကအခန်းထဲကိုဝင်သွားကာမှန်ရှေ့သွားပြီ
ခပ်ရဲရဲနှုတ်ခမ်းတစ်စုံကိုလက်ခုံဖြင့်ခပ်ကြမ်းကြမ်းဖိပွတ်မိတယ်။

"မုန်းတယ်! မုန်းတယ်!ဝမ်ရိပေါ်ကိုမုန်းတယ်လို့!"

မွေ့ယာပေါ်မှောက်လျက်အိပ်ချလိုက်သည်။

ဒီတစ်ခါတကယ်မုန်းလိုက်ပြီဝမ်ရိပေါ်ဆိုတဲ့လူဆိုးကောင်ကို!
.
.
.မနက်စောစောကြားရတဲ့သတင်းက.ကျက်သရေအဖြာဖြာတုန်းစေပါတယ်။

ဝမ်ရိပေါ်အချုပ်ထဲရောက်နေရပြန်ပြီးတဲ့။

ပါးကတော့ဈေးထဲကနေပြန်ရောက်တာနဲ့.ရပ်ကွက်ထဲကအဒေါ်ကြီးတွေစီကကြားခဲ့ရတဲ့ဝမ်ရိပေါ်သတင်းတွေကိုဖောက်သည်ပြန်ချပေးနေပါတယ်။

"ဒီလိုကောင်လေးက.ငါကလေးမဟုတ်လို့တော်သေးတယ်"

"သားငယ်.ဝမ်ရိပေါ်နဲ့ဝေးဝေးနေ ကင်းကင်းရှင်းရှင်းနေ"

/ေယာက္ဖ!ခင္ဗ်ားညီကိုက်ဳပ္အပိုင္သိမ္းမယ္!/ယောက်ဖ!ခင်ဗျားညီကိုကျုပ်အပိုင်သိမ်းမယ်/Where stories live. Discover now