ည၁၂နာရီအချိန်တွင်.တိတ်ဆိတ်နေသည့်လမ်းကြားထဲအနီရောင်ကားလေးတစ်ဆီကဖြတ်မောင်းလာကာ..အိမ်တစ်အိမ်ရှေ့ရပ်သွားလေသည်။
"ရောက်ပြီ "
ကျိုးချန်ကရောက်ပြီဖြစ်ကြောင်းအသိပေးရင်းအနောက်ကိုလှည့်ကြည့်လိုက်တော့အိပ်မောကျနေတဲ့ရှောင်းကျန့်ကိုခေါင်းစောင်းကာငေးကြည့်ရင်းပြုံးနေတဲ့ဝမ်ရိပေါ်ကိုတွေ့ရသည်။ပြောတော့လဲမချစ်ဘူးတဲ့.မြိုချနိုင်ရင်မြိုပါမြိုချထားမဲ့ပုံကြီးနဲ့။
"ဝမ်ရိပေါ်ရောက်ပြီကွ"
"ရှူး"
နှုတ်ခမ်းပေါ်လက်ညှိုးဖြင့်ထိကပ်ပြကာ"တိုးတိုးပြောနိုးသွားမယ် တစ်လှမ်းလုံးငိုလာတာပင်ပန်းနေမှာ"
ဟုတ်ပါသည်..ရှောင်းကျန့်ဟာတစ်လှမ်းလုံးအော်ဟစ်ငိုယိုခဲ့ရင်းလာပါလာခဲ့သည်။
ငိုက်နေတာတောင်ထောင့်ကပ်ရင်းမှီအိပ်ပေမဲ့ဝမ်ရိပေါ်ကပဲသက်သောင့်သက်သာအိပ်စေချင်သဖြင့်ကိုယ်လက်မောင်းကြားပွေ့ဖက်ကာပုခုံးပေါ်အိပ်စေသည်။
ဝမ်ရိပေါ်ကဘောင်းဘီအိတ်ကပ်ထဲကသော့ကိုနှိုက်ထုတ်ပြီကျိုးချန်ကိုပစ်ပေးလိုက်တယ်။
လက်ထဲရောက်လာတဲ့သော့ကိုကြည့်ပြီခေါင်းညိတ်ကာကားပေါ်ကဆင်းလာခဲ့သည်။
ကျိုးချန်တွေးမိတယ်.
ဝမ်ရိပေါ်ဦးနှောက်ကအကြံဆိုတွေအမြဲပြည့်နက်နေတာ။လူကသာအခန်းထဲပိတ်ခံထားရပေမဲ့ ရှောင်းကျန့်ကိုခိုးပြေးရင်နေဖို့နေရာပါအဆင်သင်ပြင်ထားတယ်။
"ဟေးဘေဘီ ထတော့"
လန့်နိုးလာကာခေါင်းထောင်လာပြီဝမ်ရိပေါ်ဘက်ကိုစောင်းကြည့်ကာတစ်ခုခုကိုအသည်းအသန်စဉ်းစားခန်းဝင်နေပုံရသည်။
မျက်တောင်လေးများတဖျတ်ဖျတ်လှုပ်ခပ်လာကာတံခါးကိုဖွင့်ပြီကားပေါ်ကပြေးဆင်းသွားတဲ့ရှောင်းကျန့်။
စီးကရက်ကိုဖွာရှိုက်ရင်းကားပေါ်ကဆင်းလာကာကားရဲ့အနောက်ခြမ်းကိုမှီရင်းရှောင်းကျန့်ကိုကြည့်လိုက်သည်။
YOU ARE READING
/ေယာက္ဖ!ခင္ဗ်ားညီကိုက်ဳပ္အပိုင္သိမ္းမယ္!/ယောက်ဖ!ခင်ဗျားညီကိုကျုပ်အပိုင်သိမ်းမယ်/
FanfictionYizhan Wang yibo ×Xiao zhan💚❤ Start date 21.11.2023