Ep 10

8.1K 588 92
                                    

#Unicode

Taehyung ဖုန်းပြောပြီးဝင်လာတော့ Jungkook က ဆိုဖာပေါ်ကနေလှမ်းကြည့်နေသည် ။ ထုတ်မမေးပေမယ့် ဘယ်သူလဲဆိုတာကို သိချင်နေပုံရ၏ ။

"အမေဆက်တာ ... အိမ်ကိုပြန်လာစေချင်တယ်တဲ့"

Taehyung အလိုက်တသိဖြေရင်း Jungkook၏ဘေးတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက် Jungkook ရင်ခွင်ထဲသို့တိုးဝင်လိုက်၏ ။

"မင်း ပြန်မှာလား ။ အမေနဲ့မတွေ့တာလည်းကြာပြီဆိုတော့ ပြန်လိုက်မလား"

Jungkookက Taehyung ရဲ့ဆံပင်တွေကိုဆော့ကစားရင်းမေးလိုက်သည် ။ Taehyung ကတော့ ဘာမှပြန်မပြော ။
Taehyung အတွက် သူ့မိဘတွေက စိတ်ပျက်စရာကောင်းနေမှာကို Jungkook နားလည်သည် ။

"Taehyung ... ငါပါလိုက်ခဲ့ရမလား"

Jungkook ၏အမေးကြောင့် Taehyung သက်ပြင်းချကာ

"ငါမင်းကိုလည်း ခေါ်မသွားချင်ဘူး ။ စိတ်ညစ်စရာကောင်းတဲ့အမေနဲ့ ပေးမတွေ့ချင်တာမို့လေ"

"အဲ့လိုမတွေးပါနဲ့ ... မင်းနဲ့ငါက တစ်သားတည်းဖြစ်နေပြီမဟုတ်လား ။မင်းနဲ့ ပတ်သက်တဲ့အရာအားလုံးကို ငါမျှဝေနိုင်တယ်။ မင်းကို စိတ်ဆင်းရဲစေနိုင်တဲ့နေရာကို တစ်ယောက်တည်းမလွှတ်ချင်ဘူး ...စိတ်မချတာမို့ ငါပါလိုက်ခဲ့မယ်"

Jungkookဘက်က စိတ်အားထက်သန်နေတော့လည်း Taehyung မငြင်းဆန်ချင်တော့ပေ ။
Taehyung ကိုယ်တိုင်လည်း သူ့ရဲ့အိမ်ကိုတစ်ယောက်တည်းမပြန်ချင်ခဲ့ဘူးမဟုတ်လား။

-
-
-

"သား ရောက်လာပြီလား ။ အော်... သူငယ်ချင်းလည်းပါလာတာပဲ"

Taehyung၏ အမေက Taehyung ကိုထွက်၍ ဆီးကြိုသည် ။
ထို့နောက်တွင်မှ Jungkookကိုမြင်တာကြောင့် တစ်ပါတည်းနှုတ်ဆက်လိုက်၏။

"အိမ်ကိုပြန်လာဖို့ခေါ်တာ ဘာဖြစ်လို့လဲ"

Taehyung အေးစက်စက်သာမေးလိုက်သည်။အမေဖြစ်သူက ပြုံး၍

"သားကိုတွေ့ချင်လို့လေ ။ အမေ့ဆီမလာခဲ့တာလည်းကြာပြီမဟုတ်လား"

အမေစိတ်မကောင်းဖြစ်နေမယ်ဆိုတာ Taehyung နားလည်ပါသည် ။ Taehyung ကိုယ်တိုင်လည်း အမေ့ကိုလွမ်းနေပေမယ့် စိတ်အဆင်မပြေတာကြောင့် လာမတွေ့ခဲ့တာဖြစ်၏ ။

From Best Friend To Bed Friend(Completed)Where stories live. Discover now