မျက်နှာကြက်တွင် ဘာမှန်းသေချာမသိသောအရာကြီးက ပင့်ကူတစ်ကောင်လိုကပ်တွယ်နေသည်။ထိုအရာကြီးမျက်နှာ သူတို့ဘက်လှည့်လိုက်ချိန်တွင် အကုန်လုံးအော်လိုက်ချင်ပေမယ့် တစ်ခုခုကပိတ်ပင်ထားသကဲ့သို့ အသံထွက်မရခဲ့ပေ။
ထိုပင်ကူကဲ့သို့အရာကြီးက ခနအကြာတွင် လေထဲတွင်လွင့်မျောနေပြန်သည်။သူတို့ရှေ့တည့်တည့်တွင် လွင့်မျောနေလျှက် သူတို့အားစိုက်ကြည့်ကာ အူလှိုက်သည်းလှိုက်ရယ်သည်။
ထို့ကြောင့်သူ၏ပါးစပ်ဟာ နားရွက်နားထိရောက်အောင်ကျယ်သွားကာ အတွင်းမှ သွားချွန်ချွန်များကိုမြင်နေရသည်။ရယ်မောမှုကြောင့် ခန္ဓာကိုယ်ဟာလှုပ်ရမ်းနေပြီး သူ၏ပေါ်နေသောအရိုးများ တ 'ဂွက်' 'ဂွက်'
ရိုက်သံကို တိတ်ဆိတ်နေသာအိမ်အတွင်းအတိုင်းသားကြားနေရသည်။"မင်းတို့ကငါ့ကိုမမှတ်မိဘူးကို ငါကမင်းတို့အတန်းပိုင်ဆရာမလေ"
အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
"ဟားဟား မှတ်မိစရာလဲမလိုပါဘူး အကုန်သေရမှာပဲကို မှတ်မိပြီးဘာလုပ်မှာလဲ"
"မင်းတို့အကုန်လုံး အသက်ရှင်ချင်ရင် ဒီအခန်းတံခါး7ခုကိုဖြတ်ရမယ် ကြိုက်ရာတံခါးကိုခွဲဝင်လို့လဲရတယ် ဘာပဲဖြစ်ဖြစ်သေမှာပဲလေ တံခါးတစ်ခုစီတိုင်းမှာနေရာတစ်ခုစီရှိတယ် မင်းတို့ဝင်လိုက်တဲ့တံခါးကမင်းတို့ရဲ့ပထမဆုံးတံခါးပဲ ပြီးရင်ကျန်တဲ့တံခါးတေကိုလှည့်ပတ်ပြီးဒုတိယတတိယကွဲသွားမှာ တံခါးတိုင်းမှာ ထွက်ပေါက်ရှာဖို့ အချိန်7ရက်ရှိတယ် ကျန်တာတေကမင်းတို့ကိုယ်တိုင်ရှာဖွေရမှာတေပဲ ကယ်ကလေးတို့ ကံကောင်းပါစေ ဟားဟားဟားဟား"
စကားဆုံးသည်နှင့် သူမ၏ခန္ဓာကိုယ်ကအောက်သို့ကျလာကာ အသားကြိတ်စက်ထဲထည့်ခံထားရသည့် အသားဘဝကိုရောက်သွားသည်။ကြမ်းပြင်တွင် သူမ၏ကိုယ်တွင်းအင်္ဂါများ၊အရိုးများနှင့် အသားစများစုပုံနေကာ သွေးညှီနံ့ကလှိုင်လှိုင်ထလာသည်။
သူမကိုယ်ထဲမှအရိပ်မဲတစ်ခုကတော့ ခြံပြင်သို့ထွက်သွားသည်။မိန်းကလေးအများစုက အော့အန်ကြကာ ယောကျ်ားလေးတစ်ချို့တောင်ပါသေးသည်။
![](https://img.wattpad.com/cover/356844164-288-k788878.jpg)
YOU ARE READING
Find Way to out
Fanficအခန်း7ခန်း လူရာကျော်နဲ့ အခန်းတစ်ခန်းကိုသတ်မှတ်ချိန်7ရက်ပေးတယ်။သဘာဝလွန်အရာတေကိုကြုံတွေ့ရပြီး ဘယ်သူကအသက်ရှင်ကျန်ရစ်မလဲ ခန့်မှန်းလို့မရ။ သူတို့စိတ်ထဲမှာ ဒီနေရာကို တိတ်တဆိတ်နာမည်ပေးထားတယ်။သူတို့လွတ်မြောက်ဖို့ကြိုးစားနေရတဲ့နေရာက မရဏတံခါးပေါက်ပဲ!