ထိုမြင်ကွင်းကြောင့် အသက်ရူရပ်မတက်ဖြစ်သွားကာ ခနအကြာမှသတိပြန်ကပ်လာကြသည်။ထိုအချိန်ထိအခန်းဝတွင်သာ စိုက်ကြည့်နေကြပြီး ဆေးရုံဝတ်စုံများ ဆင်တူစွာဝတ်ဆင်ထားကြသော လူနာများဟာ အခန်းထဲသို့ခြေတစ်လှမ်းပင် ဝင်မလာခဲ့ပေ။
သူတို့သတိချပ်၍ တိုက်ခိုက်ရန်အသင့်ပြင်လိုက်ပေသည်။သို့သော်မည်သူမှအခန်းအပြင်သို့မထွက်ပေ။ထိုထူးဆန်းသောလူနာများဟာ မစောင့်နိုင်တော့ပုံပြီး ပြေးလွှားနေသော လူအုပ်စီသို့ပေါင်းဝင်သွားလေသည်။
သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။ဘာမှမပြောကြသောလည်း အချင်းချင်းနားလည်ကာ ခေါင်းတစ်ချက်ညှိတ်ပြကာ သုံးယောက်လုံးအခန်းပြင်ထွက်လိုက်ကြသည်။
အခန်းထဲတွင်လုံခြုံသော်လည်း အတန်းဖော်များကိုကူညီလိုကြသည်။ဆော့ဂျင်က ဓာတ်ခွဲခန်းထဲမှ စင်ပြိုကျ၍ပြန့်ကျဲနေသောသံတုတ်ကိုယူလိုက်သည်။ဆော့ဂျွန်းကတော့သူ့အိတ်ထဲက ဓားကိုထုတ်လိုက်ပေသည်။
ပြီးနောက်စုပုံနေသော လူနာများကိုတိုက်ခိုက်ခြင်းအားစတင်ကြသည်။
"ဒီကောင်တွေဘယ်ကထွက်လာတာတုန်း
အများကြီးပဲ"ဆော့ဂျွန်းကလူနာတစ်ယောက်အား ဓားဖြင့်ထိုးစိုက်ရင်းပြောလိုက်သည်။
"ဆေးရုံကကျယ်လွန်းတယ် ဒီထက်အများကြီးရှိနိုင်သေးတယ်"
"ချီး!ဒီထက်အများကြီးရှိနိုင်သေးတယ် ငါတို့တော့သေမှာပဲ"
တိုက်ခိုက်ရင်းဖြင့် အရှေ့ဘက်ကိုပြေးလွှားသွားကြသည်။သူတို့နောက်တွင်လည်းကျောင်းသားအတော်များများ လိုက်လာကြသည်။အကုန်လုံး ချွေးများဖြင့်ရွှဲနေကြသည်။
"ဟေး!မင်းတို့တွေဒီထဲအမြန်ဝင်လာကြ"
အရှေ့ဘက်အခန်းတစ်ခုမှ ကျောင်းသားတစ်ဦး၏အော်သံကြောင့် သူတို့အားလုံးထိုအခန်းအား တစ်ရှိန်ထိုးပြေးသွားကြသည်။
သို့သော်နောက်တွင်လည်း များပြားလှသော
စိတ်ဖောက်နေသည့် လူနာအုပ်လိုက်ကြီးရှိနေသေးသည်။ကြံရာမရဖြစ်နေချိန်တွင် အသံတစ်သံထွက်လာသည်။

YOU ARE READING
Find Way to out
Fanfictionအခန်း7ခန်း လူရာကျော်နဲ့ အခန်းတစ်ခန်းကိုသတ်မှတ်ချိန်7ရက်ပေးတယ်။သဘာဝလွန်အရာတေကိုကြုံတွေ့ရပြီး ဘယ်သူကအသက်ရှင်ကျန်ရစ်မလဲ ခန့်မှန်းလို့မရ။ သူတို့စိတ်ထဲမှာ ဒီနေရာကို တိတ်တဆိတ်နာမည်ပေးထားတယ်။သူတို့လွတ်မြောက်ဖို့ကြိုးစားနေရတဲ့နေရာက မရဏတံခါးပေါက်ပဲ!