*တင်*
Phone messenger ကနေ noti သံကြားလို့လက်ထဲကခဲတံကိုချ ဆွဲလက်စပန်းချီကိုထားကာစားပွဲကနေထလာလိုက်သည်.....။ညဘက်ကြီးသူ့ဆီ စာပို့မဲ့သူမရှိဘူးထင်တာပဲ...။ ဘယ်သူကများဘာအရေးကြီးလို့ပါလိမ့်ဆိုတဲ့အတွေးနဲ့ phone lock ဖွင့်ပြီး messenger ထဲဝင်လိုက်သည်...။
*ဟယ်လို *
*မမ*
*မွေးနေ့မှာပျော်ရွှင်ပါစေ *
*ဒီနှစ်မွေးနေ့လေးကစ ပျော်ရွှင်ဖွယ်ဘဝလေးအမြဲထာဝရပိုင်ဆိုင်ပါစေ မမရေ ကျွန်တော့်ကိုလည်း ပိုပိုချစ်ပေးပါနော် *
Chatbox မှာပို့ထားတဲ့စာကိုဖတ်ပြီး သူကြောင်သွားမိတယ် ....။သူ့မွေးနေ့မှမရောက်သေးတာ...။ပြီးတော့ ဒီမွေးနေ့ဆုတောင်းပို့တဲ့သူကိုလည်းသူမှမသိတာ...။ဘယ်သူကများမှားပို့လိုက်တာပါလိမ့်ဆိုတဲ့ အတွေးနဲ့ စာပို့လာတဲ့ account ထဲကိုဝင်ကြည့်လိုက်မိသည်....။ပထမဆုံး account ထဲဝင်ဝင်ချင်းမှာတင် မြင်ရတဲ့ profile မှာတင်ထားတဲ့ပုံက မိန်းကလေးတစ်ယောက် ရဲ့ ပြုံးနေတဲ့မျက်နှာလှလှလေး ......။ဆံပင်ရှည်တွေက ကပိုကရိုကျနေပြီး မေးအောက်မှာလက်ဖဝါးထောက်လို့ ချိုမြမြအပြုံးတစ်ပွင့်စွန့်ကျဲနေတဲ့ကောင်မလေး.....။
ချစ်စရာလေးပဲလို့ စိတ်ထဲကတွေးပြီး အဲ့ကလေးမ account ထဲက post တွေလိုက်ကြည့်နေမိသည်...။ messenger မှာပို့ထားတဲ့စာကိုဖတ်တုန်းက ကောင်လေးတစ်ယောက်ယောက်က လာကြောင်တယ်လို့တွေးလိုက်မိတာ...။ဒါပေမဲ့မထင်မှတ်ထားဘဲ ကလေးမလေးတစ်ယောက်ဖြစ်နေသည်...။မျက်နှာလေးကတော့ချစ်စရာလေးပါဘဲ ပြီးတော့ တော်တော်လည်းငယ်ဦးမဲ့ပုံပေါ်သည်...။internet တွေသုံးနေတာအသက်တောင်ပြည့်သေးရဲ့လားမသိ....။
*မမ *
*ကျွန်တော့်ကိုစာပြန်ဦးလေဗျာ*
ဝင်လာတဲ့စာနှစ်စောင်ကိုကြည့်ပြီး သူမျက်ခုံးပင့်လိုက်မိသည်...။ခပ်မြန်မြန်ပဲ သူ့လက်တွေကို လှုပ်ရှားပြီးအဲ့ကလေးမကိုစာပြန်လိုက်သည်...။
*ကလေးမ တို့နဲ့သိလို့လား...?*
*တို့မွေးနေ့လည်းမရောက်သေးဘူးနော်..*
YOU ARE READING
All About My Love
Romanceအချစ်ဟာဘာလဲလို့မေးရင် မမလို့ဖြေမယ်....... မန္တလေးမြို့ဟာသိပ်ကိုလှပြီးနေချင်စရာကောင်းတယ်.... ဒါပေမဲ့ မမနဲ့အတူရှိနေမှ ပိုပြီးပြည့်စုံနေသလို..... မန္တလေးရဲ့ ရှုခင်းတိုင်းကရင်သပ်ရှုမောဖွယ်အတိ...... ဒါပေမဲ့ မမနဲ့အတူကြည့်ရတဲ့ ရှုခင်းကပိုပြီးအသက်ဝင်သလို...