သူလှေကားကနေ အောက်ထပ်ကိုဆင်းဆင်းချင်းမြင်လိုက်ရတာက မေကြီး၊ဖေကြီးတို့နဲ့ စကားလက်ဆုံကျနေတဲ့ ခင်....။သူဆင်းလာတာကိုမြင်တာနဲ့ခင်ကသူ့ဆီမျက်စောင်းတစ်ချက် လှလှပပပဲ ပစ်ခွင်းလိုက်ပါသည်.....။ခင်ကသူ့ကိုသာ မကြည်ဖြူစွာမျက်စောင်းတွေပစ်နေတာ မေကြီးတို့နဲ့တော့စကားပြောမပြတ်လှစွာလေပေးလေယူဖြောင့်နေဆဲ.....။
“နွယ်....သမီးဆင်းလာပြီလား..။သမီးအန်တီကဒီနေ့ မုန့်ဟင်းခါးချက်လို့တဲ့....လာပို့ထားတာရှိတယ်...။သွားစားချေသွား...."
မေကြီးက ခင့်မျက်စောင်းတွေရဲ့ လားရာကိုကြည့်ရင်း လှေကားရင်းရောက်နေပြီဖြစ်တဲ့သူ့ကိုမြင်ပြီး လှမ်းပြောသည်....
“အန်တီ ဆိုင်းမိုင်လာပို့ထားတာလား မေကြီး "
“ဟုတ်တယ်လေ သမီးအန်တီလာပို့သွားတာ သမီးကိုတောင်သူစောင့်နေသေးတယ်....ကြာမှာစိုးတာနဲ့မေကြီးပြန်ခိုင်းလိုက်တာ..."
“ဟုတ်မေကြီး သမီးညနေသင်တန်းကပြန်မှပဲ အန်တီ့ဆီဝင်တွေ့လိုက်မယ်မေကြီး"
သူမေကြီးကိုစကားလှမ်းပြောရင်းနဲ့ပဲ ထမင်းစားခန်းထဲဝင်ပြီး မုန့်ဟင်းခါးစားဖို့ပြင်လိုက်သည်..။မုန့်ဟင်းခါးကိုလက်ကပြင်နေရင်း ပါးစပ်ကလည်း ခင့်ကိုမေးဖြစ်အောင်မေးလိုက်သေးသည်...။
“ခင် ဘာစားခဲ့ပြီလဲ မုန့်ဟင်းခါးစားမလား ငါတစ်ခါတည်းထည့်လိုက်မယ်လေ"
“တော်ပါပြီနော် ငါကမနက်စာအစောကြီးထဲကစားပြီးသွားပြီ နင့်လိုအိပ်ပုတ်မဟုတ်ဘူး"
“ဒီနေ့တစ်ရက်ပဲ နောက်ကျတာပါခင်ရယ် မနက်စာစားပြီးပြီဆိုလည်း စားပြီးပြီတစ်ခွန်းတည်းပြောလို့ရပါတယ် နင်ကလေငါ့ကိုဆို အကောင်းကိုမပြောဘူး နင်ဒီလိုစွာပုံနဲ့တစ်သက်လုံးအပျိုကြီးဖြစ်မှာသိလား"
ခင်ကတော့ ခင်ပါဘဲ သူစကားအကောင်းပြောရင်ဝောာင်ခင်ကသူ့ကိုဆို အနိုင်ယူပြီးပြောလိုက်ရမှကျေနပ်တဲ့သူ.......။သူကလည်း အမှတ်မရှိ ခင့်ကိုဘယ်တုန်းကမှစကားနိုင်လုမပြောနိုင်ဘဲနဲ့ ပြန်မပြောဘဲလည်းမနေနိုင်.....။ခင့်ကိုသူမကျေနပ်စွာနဲ့ ခပ်တိုးတိုး ရေရွတ်ရင်း မနက်စာကိုခပ်သွက်သွက်စားလိုက်သည်....။
YOU ARE READING
All About My Love
Romanceအချစ်ဟာဘာလဲလို့မေးရင် မမလို့ဖြေမယ်....... မန္တလေးမြို့ဟာသိပ်ကိုလှပြီးနေချင်စရာကောင်းတယ်.... ဒါပေမဲ့ မမနဲ့အတူရှိနေမှ ပိုပြီးပြည့်စုံနေသလို..... မန္တလေးရဲ့ ရှုခင်းတိုင်းကရင်သပ်ရှုမောဖွယ်အတိ...... ဒါပေမဲ့ မမနဲ့အတူကြည့်ရတဲ့ ရှုခင်းကပိုပြီးအသက်ဝင်သလို...