All About My Love

4 0 0
                                    

ဆယ်တန်းစာမေးပွဲအောင်စာရင်းထွက်တဲ့နေ့ကများဆို သူ့မှာဝမ်းနည်းလိုက်ရတာ သူတို့သုံးယောက်မှာ ခင်တစ်ယောက်သာ အမှတ်များပြီး သူနဲ့ သက်ထားကအမှတ် 400 ဝန်းကျင်လောက်သာရကြသည်မို့ သူတို့သူငယ်ချင်းသုံးယောက်တော့ဝေးပြီလို့တွေးခဲ့မိတာ..။ဒါပေမဲ့လည်း အဆုံးမှာတော့ သူတို့သုံးယောက်လုံး မြန်မာစာမေဂျာကိုသာယူခဲ့ကြပါသည်...။အခုဆိုသူတို့က တတိယနှစ်ပထမတစ်ဖြတ်စာမေးပွဲပင်ဖြေပြီးနေပြီ...။စာမေးပွဲနားတဲ့ကာလမှာသူက   computer သင်တန်းတတ်ချင်တယ်ဆိုလို့ လိုက်တတ်ပေးကြတဲ့သူငယ်ချင်းမလေးနှစ်ယောက်ရယ်ပါ...။

coffee ဆိုင်လေးမှာ မုန့်စားပြီးတဲ့အချိန်က 10 နာရီထိုးဖို့ 15 မိနစ်သာလိုတော့သည်မို့သူတို့သင်တန်းဆီသွားဖို့ပြင်လိုက်ကြသည်..။သင်တန်းက 10 နာရီထိုးစမည်မို့ အခန်းထဲဝင်လို့ ဒုတိယတန်းကခုံမှာသုံးယောက်အတူတူဝင်ထိုင်လိုက်ကြသည်...။သူတို့အခန်းထဲရောက်ပြီးသိပ်မကြာလိုက် သင်တန်းဆရာ ဦးမျိုးနောင် ဝင်လာသည်...။ဝင်လာသူကဆရာတစ်ယောက်တည်းတော့မဟုတ်.။ဆရာဦးမျိုးနောင်နောက်မှာ အသက် 25 ဝန်းကျင်လောက်ရှိမည့်အမျိုးသားတစ်ဦးပါလာသည်..။

“ဆရာ မင်္ဂလာပါ"

သူတို့သင်တန်းကလူတွေ သံပြိုင်ရွတ်လို့ဆရာ့ကိုနှုတ်ဆက်လိုက်သည်။ဆရာမျိုးနောင်က  မျက်မှန်ကို လက်ညှိုးနဲ့ပင့်တင်လို့ အပြုံးတစ်ချက်နဲ့ သူတို့ကိုအသိအမှတ်ပြုလိုက်တယ်..။

“မင်္ဂလာပါကွယ်....ဆရာကဒီနေ့မင်းတို့ရဲ့ သင်တန်းဆရာအသစ်နဲ့မိတ်ဆက်ပေးချင်တယ်...ဆရာရဲမာန် ကလေးတွေကိုမိတ်ဆက်ပေးလိုက်ပါဦးဗျ"

ဆရာမျိုးနောင်က သူတို့ကိုတုံ့ပြန်စကားဆိုရင်း ဘေးကအမျိုးသားကိုလှည့်ပြီးစကားပြောလိုက်တယ်..။စောနက ဆရာမျိုးနောင်နဲ့အတူဝင်လာတဲ့သူကသင်တန်းဆရာအသစ်ပဲ...။အသက်ကတော့ တော်တော်ငယ်ဦးမည် သူတို့နဲ့ဆို အသက်အရမ်းမကွာသလိုပင်။အရပ်မြင့်မြင့် ခပ်အလတ်လတ်အသားအရေနဲ့ထိုအမျိုးသားကကြည့်ကောင်းတာထက်ပိုပါသည်..။

“တွေ့ရတာဝမ်းသာပါတယ် အကိုက ဒီသင်တန်းမှာ ညီတို့ညီမတို့ရဲ့သင်တန်းဆရာအဖြစ်နဲ့ ရောက်လာတာဆိုပေမဲ့ ဆရာလိုရော အကိုလိုရော သဘောထားလို့ရပါတယ် အကို့နာမည်က ရဲမာန်သစ်ပါ ကိုရဲမာန်လို့ခေါ်လို့ရပါတယ်."

All About My LoveWhere stories live. Discover now