[Unicode]
Chapter (36)
အသည်းညှာတစ်ခုလုံး သိမ့်သိမ့်တုန်လွန်း
ချွီမိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကြသည်။ တစ်ချို့တလေကို ရှန်သိုက် အရင်က ဆုံဖူးပေမဲ့ အများစုကတော့ မျက်နှာစိမ်းတွေဖြစ်သည်။ ဘိုးဘိုးချွီ၏ သားသမီးလေးယောက်၊ သူတို့ဆီက ထပ်ပေါက်သည့် အစွယ်အပွားများဖြင့် အခုဆိုလျှင် တစ်မိုးအောက်ထဲတွင် မျိုးဆက်လေးဆက် စုဝေးလျက်ရှိပေ၏။ ဒါနကံသီလကံ ကောင်းလှသူပင်။
ရှန်သိုက်ကတော့ ချွီမော့ယွီရဲ့ဘေးမှာ တိတ်တိတ်လေးကပ်ထိုင်ရင်း သူ့အမျိုးတွေနှင့် စကားစမြည်ပြောနေကြတာကို လိုက်နားထောင်သည်။ ချွီမော့ယွီ၏မိဘများက ရောက်လာသူတွေကို တစ်ဖက်မှာ ခရီးဦးကြိုပြုကြသည်။ ချွီချန်းချန်လည်း ရောက်နေပြီး အမျိုးတစ်ချို့နှင့် ဖဲဝင်ကစားနေသည်။ ကလေးပေါက်စလေးတွေနှစ်ယောက်လည်း ပါလာပြီး ဧည့်ခန်းထဲ ပတ်ပြေးလိုက်ကြ ရယ်လိုက်ကြနှင့် စူးခနဲစည်ခနဲ အော်ဟစ်နေကြတာဆိုတာ အသံကိုမစဲ။ ဒီအခိုက်အတန့်တွင်တော့ အနှီ တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးရခိုင်ဟာ နောက်ဆုံးတွင် အိမ်၏ အသက်ဝင်ခြင်း လွင်ပြခြင်းတို့ဖြင့် စည်ကားခဲ့ပြီ။
ထိုစဥ် Alpha ကလေးမလေးတစ်ယောက် ဝင်လာသည်။ ဆယ့်နှစ် ဆယ့်သုံးနှစ်ဝန်းကျင်လောက်ရှိပြီး အတော်လေးကို ချောချောလှလှလေးပင်။ လူကြီးတွေကို တစ်ယောက်ပြီးတစ်ယောက် တယဥ်တကျေး လိုက်နှုတ်ဆက်နေပုံလေးက လူကြီးလေးများလို "ပျော်ရွှင်စရာ နှစ်ကူးပါ ဝမ်းကွဲကိုကို၊ ပျော်ရွှင်စရာ နှစ်ကူးပါနော် ခဲအိုရှင့်"
"ရန်ရန်က အရပ်ကြီးထပ်ရှည်လာတာပဲ" ချွီမော့ယွီက ကောင်မလေးကို ခေါင်းလေးပုတ်ရင်း ရှန်သိုက်အား မျက်ရိပ်ပြသည်။
ရှန်သိုက်၏ အင်္ကျီအတွင်းအိတ်ကပ်ထဲတွင် စာအိတ်နီမှာ တထပ်ကြီးပါ၏။ အားလုံးက ဒီလာမဲ့ ကလေးတွေအတွက် ပြင်ဆင်လာတာဖြစ်သည်။ သူ စာအိတ်အနီတစ်အိတ်ကို ထုတ်ပေးပြီး "ပျော်ရွှင်စရာနှစ်သစ်ကူးဖြစ်ပါစေ"
VOUS LISEZ
Alpha Predator 《顶级掠食者》Myanmar Translation
Roman d'amourTitle - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapters - 132 Gong -瞿末予 (Qú Mò Yǔ ) / ချွီမော့ယွီ Alpha Pheromones - စန္ဒကူးနက်ရနံ့ Shou -沈岱 (Shén Dài)/ ရှန်သိုက် Omega Pheromones - ကုမုဒြာကြ...