Part6

272 15 0
                                    

Uni

မနက်စောစောထကာ မင်းရိုင်းနဲ့အလင်းငယ် ရွာအရှေ့ပိုင်းက စာသင်ကျောင်းလေးဆီသွားဖြစ်သည်။

အစ်ကိုက အလုပ်မသွားပဲ လင်းငယ်ကို ကျောင်းကိုလိုက်ပြသည်။စာသင်ကျောင်းလေးက ကြမ်းပြင်ကအုတ်ထည်ဖြစ်ကာ အကာရံက သစ်သားပြားတွေနဲ့ နှစ်ထပ်ကျောင်းသေးသေးလေးပင်ဖြစ်သည်။ထိုကျောင်းသေးသေးလေးက လင်းငယ် ငယ်ငယ်ကတက်ခဲ့သည့် private school တွေနဲ့သိပ်ကွာသည်။လင်းငယ် ရွာထဲက ကလေးတွေကို ဂရုဏာသက်မိသည်။

"ကျောင်းလေးက သေးတယ်နော် အစ်ကို"

"ဟုတ်တယ်လင်းငယ်ရဲ့ ရွာမှာ က ကလေးတွေပေါပေမယ့် ကျောင်းတက်တဲ့ကလေးက သိပ်မရှိတာရော ထောက်ပံ့မဲ့သူမရှိတာရော ကြောင့်လေ"

"ဟုတ်လား"

"အင်း အရင်သူကြီးကိုယ့်အဖေ ဆောက်ပေးထားလို့ ဒီကျောင်းလေးရှိနေတာ အရင်က ရွာမှာ စာသင်ကျောင်းမရှိလို့ အခြားမြို့ကိုသွားတက်ရတာ"

"ပင်ပန်းမှာပေါ့နော် အစ်ကို"

"အင်း ပင်ပန်းပေမယ့် ပညာလိုချင်နဲ့သူတွေကတော့ အဝေးကြီးလဲ သွားတက်ရတာပဲပေါ့...ကျောင်းထဲထိ ဝင်ကြည့်မလား လင်းငယ်"

"ဟုတ်အစ်ကို"

လင်းငယ်တို့ စာသင်ကျောင်းလေးဝင်ကြည့်တော့ ကလေးအယောက်နှစ်ဆယ်ကျော်လောက်သာရှိတာကို တွေ့ရသည်။အဖြူစိမ်းဝတ်စုံလေးတွေနဲ့ကလေးတွေလဲရှိပြီး ကျန်တဲ့ကလေးတွေက ကာတွန်းဘောင်းဘီလေးတွေနဲ့ဖြစ်သည်။

"အစ်ကို ဒီကျောင်းမှာက ဘယ်နှစ်တန်းထိသင်ပေးတာလဲ"

"ဒီမှာက လေးတန်းထိပဲသင်ပေးတာ လင်းငယ်ရဲ့ လေးတန်းအောင်သွားရင် အခြားမှာသွားတက်ရတာ ...ဒါပေမယ့် အချို့ကလေးတွေက ရေးတတ်ဖတ်ရင်ရပြီဆိုပြီး ဆက်မတက်တော့ပဲ လယ်လုပ်ငန်းဝိုင်းကူတာမျိုးလုပ်ကြတယ်"

"အင်း ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လင်းငယ်တော့ ကလေးတွေစာသင်ပေးချင်ပါတယ်"

"လင်းငယ်သဘောပါ ဒါဆို ကိုယ် ဘကြီးထွန်းကိုပြန်ပြောပေးမယ် ဒီနေ့တော့ လင်းငယ်လိုက်ပဲကြည့်နော် မနက်လောက်မှ စာသင်ဖို့ဝင်ရင်ဝင် "

အလင်းငယ်မို့ပိုမြတ်နိုးရသည်။Donde viven las historias. Descúbrelo ahora