သူသည် ဖျက်ခနဲ့ သူ့ခေါင်းအားလှည့်လိုက်သည်။
သို့သော်လည်း သူ၏ရှေးဟောင်းဓာတ်စက်ပွင့်နေသည်ကိုသာ မြင်လိုက်ရသည်။
မကြာမီ ထိုအရာက စတင်ပွင့်လာခဲ့သည်။ 'ဘိုဝမ်'သည် ပွင့်လာသည့်အသံအား နားထောင်လိုက်သည်နှင့် တောင့်တင်းသွားခဲ့သည်။
"ယနေ့မှာ ကျွန်တော်တို့က ကြောက်စရာကောင်းပြီး အတွဲလိုက်ဖြစ်တဲ့ အဓ္မမကျင့်မှုနဲ့လူသတ်မှုအကြောင်းများကို တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။ တရားသူကြီးက ပထမဆုံး ယခင်ဆယ်နှစ်အတွင်းမှာဖြစ်ပွားခဲ့ပြီး မဖြေရှင်းနိုင်ခဲ့တဲ့ ထိပ်တန်းအမှုတွေကိုရှာဖွေခဲ့ပါတယ်။ ၂၀၁၀ရဲ့စက်တင်ဘာလမှာ 'Queens'မှာနေထိုင်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်က အနုပညာပြတိုက်အနီးနားမှာ ပျောက်ဆုံးသွားခဲ့တယ်။ အဲ့အချိန်မှာတော့ လူတိုင်းက အဲ့ကောင်လေးကို အိမ်ကနေထွက်ပြေးသွားခဲ့တယ်လို့ဘဲ ယူဆခဲ့ကြတယ်။ ဒါပေမယ့် အမှန်တကယ်မှာတော့သူ့ကို မင်းက အဓ္ဓမကျင့်ပြီး သတ်ပစ်ခဲ့တာဘဲ။ သူ့ရဲ့ခန္ဓာကိုယ်ကို ပြတိုက်နားမှာမြေမြုပ်ထားခဲ့တယ်။ ၂၀၁၂၊ဧပရယ်လမှာ 'ကိုလံဘီယာ'တက္ကသိုလ်မှာတက်နေခဲ့တဲ့ ကောလိပ်ကျောင်းသူတစ်ယောက် ထပ်ပျောက်သွားခဲ့သည်။ သူမကိုဘယ်နေရာမှာရှိလဲဆိုတာ အခုထိဘယ်သူမှမသိကြဘူး။ သူမကို သုံးလကြာ အကျဉ်းချထားပြီးတဲ့နောက်မှာ မင်းက သူမကို အပိုင်းပိုင်းအစစ ခုတ်ထစ် ချက်ပြုတ်ပြီး လမ်းဘေးအစားအစာတွေနဲ့ရောနှောပြီး ရောင်းချခဲ့တယ်။ နိုဝင်ဘာ၂၀၁၃မှာ အသက်၂၃နှစ်အရွယ် လိင်အလုပ်သမတစ်ယောက်က မင်းရဲ့ကမ်းခြေအိမ်ထဲဝင်သွားခဲ့ပြီး ဘယ်တော့မှပြန်ထွက်မလာခဲ့ဘူး။ မင်းက သူ့ကို တစ်လကြာနှိပ်စက်ပြီးတဲ့နောက်မှာ သူမအသားတွေကို နုတ်နုတ်စင်းပစ်ပြီးမင်းရဲ့ဝံပုလွေခွေးတွေကိုကျွေးခဲ့တယ်။ ၂၀၁၅ခုနှစ်မှာ---"
"ဆက်မပြောနဲ့တော့"
'ဘိုဝမ်'က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ထိုအချိန်မှာ ဘိုဝမ်၏ မျက်လုံးများမှာ ကျယ်လောင်စွာပြူးထွက်နေတာကြောင့် ကြည့်ရှုနေသည့် သူများမှာ သူ့မျက်လုံးမှည မျက်လုံးအိမ်ထဲကပင် ထွက်ကျလာတော့မည်ဟူ၍ ထင်မှတ်လိုက်ကြသည်။
YOU ARE READING
တိုက်ရိုက်ထုတ်လွှင့်မှု: သေခြင်း၏တရားစီရင်ရေးမှူး
Mystery / Thrillerဇာတ်လမ်းအကျဉ်း ဂျက်သည် အခြားအပြိုင်ကမ္ဘာတစ်ခုသို့ရောက်ရှိသွားပြီး အပြစ်သားများအားနှိမ်းနင်းလျှင် ဆုရရှိသောတရားစီရင်ရေးစနစ်တစ်ခုတွင် ပိတ်မိသွားခဲ့သည်။ ဤသို့ဖြင့် တရားဥပဒေ၏ အထက်တွင်ရှိသော သေခြင်းတရားစီရင်ရေးမှူးတစ်ယောက်မွေးဖွားလာခဲ့သည်။ သေခြင်းတရားထ...