"မိတ်ဆက်နိဒါန်းက အလကားရေးပေးထားတာ မဟုတ်ပါဘူး။ သွေးကြောက်တတ်တဲ့ရောဂါ၊ နှလုံးရောဂါနဲ့ ကြောက်ရွံ့တတ်တဲ့သူတွေရှိရင်ဆက်မကြည့်ကြပါနဲ့တော့၊ ခဏနေကျရင်ဒီထက်ပိုကြောက်ဖို့ကောင်းလာမှာဖြစ်တယ်၊ ကြောက်ရွံ့ပြီးသေတောင်သေသွားနိုင်ပါတယ်၊ သူလည်းကြောက်ရွံ့ပြီးသေသွားနိုင်ချေရှိတယ်"
"ဘာများကြောက်စရာရှိလို့လဲ။ ငါကမိန်းကလေးတစ်ယောက်လို ကြောက်နေမှာမဟုတ်ဘူး၊ ဒီလိုတိရစ္ဆာန်ကောင်က အရက်စက်ဆုံးနည်းနဲ့ နှိပ်စက်ခံရပြီးသေဖို့ထိုက်တန်တယ်၊ သူသာသေဆုံးရင်ငါချက်ချင်း 'ရှန်ပိန်' ဖောက်ပြီးအောင်ပွဲခံလိုက်မယ်!"
'ဘိုဝမ်' ကအခန်းထဲရှိ ဖန်သားပြင်၏ Screenကိုကြည့်ပြီး ရေနံဆီသူဌေးကြီးလို့ လူသိများတဲ့သူက ယခုလို လမ်းပျောက်နေသော အခြေအနေသို့ ရောက်ရှိလိမ့်မည်ဟု စိတ်ကူးပင်မယဉ်မိခဲ့ပေ။
လက်မခံနိုင်ခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတို့က သူ၏ခေါင်းထဲတွင်ပြည့်နှက်နေသည်!
"ငါ့ကိုကယ်တင်နိုင်တဲ့ ဘယ်သူ့ကိုမဆို ငါကငါ့ရဲ့ပိုင်ဆိုင်မှုတွေထဲက၁၀ရာခိုင်နှုန်းပေးမယ်၊ မဟုတ်ဘူး၊ တစ်ဝက်တိတိပေးမယ်!"
သူထိုစကားပြောပြီးပြီးချင်း ဖန်သားပြင် ပေါ်တွင် ကြည့်ရှုသူများ၏ မှတ်ချက်များပြန့်ကျဲလာသည်။
"မင်းကိုကယ်ဖို့။ အိပ်မက်မက်မနေနဲ့၊ မင်းသာမသေဘူးဆိုရင် ငါဒီညအိပ်လို့ပျော်မှာမဟုတ်ဘူး။"
"ရဲတွေတောင် မင်းကိုကယ်နိုင်မှာမဟုတ်ဘူး။ မင်းကိုကယ်ဖို့ ဘယ်သူ့ကိုမျှော်လင့်နေတာလဲ"
"ငါဘာလို့သူကဒီစကားတွေကို တရားသူကြီးကို ပြောနေတယ်လို့ ခံစားနေရတာလဲ။ တရားသူကြီးက သူဆွယ်တဲ့နောက်တော့ ပါမသွားလောက်ဘူးမလား"
" သူဌေးကြီး၊ မင်းကိုဒီလိုတွေလုပ်တဲ့တစ်ယောက်ကို ပိုက်ဆံနဲ့ လာဘ်ထိုးလို့ရမယ်လို့များ ထင်နေတာလား"
"မှန်တယ်၊ တရားသူကြီးက အဲ့လိုလူမျိုးမဟုတ်ဘူး၊ သူကဒါကိုတရားမျှတမှုအတွက်လုပ်နေတာ"
YOU ARE READING
တိုက်ရိုက်ထုတ်လွှင့်မှု: သေခြင်း၏တရားစီရင်ရေးမှူး
Mystery / Thrillerဇာတ်လမ်းအကျဉ်း ဂျက်သည် အခြားအပြိုင်ကမ္ဘာတစ်ခုသို့ရောက်ရှိသွားပြီး အပြစ်သားများအားနှိမ်းနင်းလျှင် ဆုရရှိသောတရားစီရင်ရေးစနစ်တစ်ခုတွင် ပိတ်မိသွားခဲ့သည်။ ဤသို့ဖြင့် တရားဥပဒေ၏ အထက်တွင်ရှိသော သေခြင်းတရားစီရင်ရေးမှူးတစ်ယောက်မွေးဖွားလာခဲ့သည်။ သေခြင်းတရားထ...