Chapter (2) PART II

339 59 0
                                    

Zawgyi

ကားမှန်ပိတ်ထားတာကြောင့် ချန်းချီကျောင်း အနည်းငယ်မွန်းကြပ်သလို ခံစားရသည်။ သူ ဟိုဟိုဒီဒီလက်ဖြင့်စမ်းကြည့်လိုက်ပြီး ကားမှန်ဖွင့်ရန် ခလုတ်နှိပ်လိုက်၏။ ရုတ်တရက် ချန်းရှီမင်၏ မျက်လုံးများကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။

ချန်းရှီမင်သည် သူ့အားကြည့်နေခဲ့သည်။

" မင်းရဲ့လက်က ဘာဖြစ်တာလဲ " ချန်းရှီမင် ၏ အကြည့်မှာ နိမ့်ဆင်းသွားသည်။

ကောင်လေးရဲ့ဂျက်ကတ်က အပေါ်ကိုလိပ်တင်ခံထားရပြီး လှစ်ဟနေသည့်လက်မောင်းထက်မှ အနီရောင်မှတ် နှစ်ခုသုံးခုက သွေးများထွက်လာတော့မည်ဟန်။ ပိန်ပါးသည့် အဖြူရောင်လက်မောင်းထက်တွင် ၎င်းက ထူးထူးခြားခြားသိသာနေလေသည်။ ဒီကောင်လေးက ပြည့်ပြည့်ဝဝအရွယ်မရောက်သေးခင်မှာ ဆေးလိပ်သောက်တယ် အရက်သောက်တယ်၊ အကျိုးသင့်အကြောင်းသင့် ရှင်းပြလို့မရနိုင်တဲ့ လက်ကဒဏ်ရာတစ်ခုရလာတယ်။

ချန်းချီကျောင်းမှာ အနည်းငယ်ခေါင်းမူးသလိုခံစားခဲ့ရသော်လည်း လေအေးတိုက်ခံလိုက်ရပြီးနောက်တွင် ပို၍နိုးကြားလာခဲ့သည်။ ဤ​မေးခွန်းကိုကြားပြီး သာမန်ကာလျှံကာ ပြန်ဖြေလာခဲ့၏၊ " ဖန်ခွက်ကွဲပြီး မတော်တဆပြတ်သွားတာ "

ချန်ရှီမင်သည် မထိန်းနိုင်ပဲ မျက်မှောင်ကျုတ်လိုက်မိသည်၊ " ဒီလောက်ထိ သတိမဲ့ရသလား "

" အိုး အတော်လေးမူးနေတာနဲ့ လက်ကချော်သွားတာ "

ချန်းရှီမင်၏ မျက်လုံးတို့က ဒဏ်ရာတစ်ဝိုက်ကို ဝေ့ဝဲကြည့်လိုက်သည်။
" တကယ်ကို စိတ်မချရတာပဲ "

ချန်းချီကျောင်းက သူ ဂရုစိုက်တာကိုမြင်လျှင် လက်မြှောက်ပြလာခဲ့သည်။ " အဆင်ပြေပါတယ်၊ သွေးလွှတ်ကြောကို ပြတ်မသွားဘူး "

" သွေးလွှတ်ကြောသာပြတ်သွားရင် ငါက မင်းကိုလာခေါ်ဖို့ မျှော်လင့်နေသေးတာလား။ လူနာတင်ကားက ဘားရဲ့တံခါးမှာ စောင့်နေလိမ့်မယ် " ချန်းရှီမင်မှာ သူ့ရဲ့ဒေါသကို ဖိနှိပ်ထားလိုက်ရင်း ဒီလူနှင့်စကားမများချင်တော့။ " ဆေးလိပ်သောက်တာကရော၊ မင်းကို ဘယ်သူသင်ပေးထားလဲ။ မင်းကို နည်းနည်းလောက်ပိုပြီး ယုံကြည်လို့ရရဲ့လား "

အရူးလေး၏သရုပ်ဆောင်ကောင်းစေရန်လမ်းညွှန် || ဘာသာပြန် ||Where stories live. Discover now