Chapter (7) PART I

224 42 0
                                    

Zawgyi

S မြို့တော်ရှိ private clubhouse တစ်ခုတွင် အနည်းငယ်မှုန်ဖျဖျဖြစ်နေသည့် အခန်းထဲ၌ ဝိုင်အမျိုးအစားအစုံအလင်ပြည့်နေကာ ငွေကြေးဖြုန်းတီးနိုင်မှုအား ပြသထားလေသည်။

ချန်းချီကျောင်းဝင်လာချိန် ဤမြင်ကွင်းကိုမြင်လိုက်ရပြီး အနည်းငယ်စိတ်ဝင်တစားဖြင့် မျက်ခုံးတစ်ဖက် ပင့်တက်သွားရသည်။ သူ့ပတ်ပတ်လည်ရှိလူများမှာ သူ့ထံသို့ လက်များဝှေ့ယမ်းပြနေကြလျက်။ ဒီနေရာမှာ လူအများအပြားလည်း ရှိနေသေးသည်။ တချို့မျက်နှာများကို​တော့ ထိုညတုန်းက ဘားတွင်မြင်ခဲ့ဖူးပြီး တချို့ကိုတော့ သူမသိပေ။

ချင်ရှင်ဖုန်းဘေးတွင် ထိုင်နေသည့်လူကို သူ မှတ်မိသည်။ ဒီလူဟာ ထိုညတုန်းက ချင်ရှင်ဖုန်းနှင့် ဘားတွင် သဘောထားချင်းတိုက်ဆိုင်ပြီး ရှေ့သွားနောက်လိုက်ဟာမိုနီညီနေခဲ့ပေ၏။

" ရှောင်ကျောင်းရောက်လာပြီ ! မင်း ဆံပင်လည်းညှပ်ထားတာပဲ "

ချန်းချီကျောင်း ရောက်ရှိလာသည့်တစ်ခဏ၌ လူတိုင်းရဲ့မျက်လုံးတို့မှာ သူ့ဆီတွင်ဆွဲဆောင်ခံလိုက်ရတော့သည်၊ အထူးသဖြင့် သူ့ဆံပင်။ ချန်းချီကျောင်းရဲ့မူလဆံပင်မှာ ပို၍သုန်သုန်မှုန်မှုန်ရှိပြီး သူ့မျက်လုံးများကို နှစ်ပေါင်းများစွာကြာသည်အထိ မမြင်ခဲ့ရပေ။ အခုတော့ သူ့ဆံပင်ညှပ်ပစ်လိုက်ပြီ။ သူ၏ ထူးခြားကောင်းမွန်သည့် မျက်နှာသွင်ပြင်တို့နှင့်​ပေါင်းစပ်လိုက်ချိန်မှာတော့ သူ့ပုံစံက အလှလေးတစ်ယောက်ကဲ့သို့။

ချန်းရုန် ချောင်းဟန့်လိုက်သည်။ တခြားသူများမှာ တုန်လှုပ်ချောက်ချားသွားကြပြီး စကားဆက်ပြောလာခဲ့ကြသည်။

" နောက်ဆုံးတော့ မင်းရောက်လာပြီပဲ "

" မင်းအစ်ကိုကြီးက မင်းရဲ့လွတ်လပ်ခွင့်ကို တကယ်ကြီးကန့်သတ်ပစ်လိုက်တာလား "

" Fu*k ငါတို့အားလုံး မင်းဆီဖုန်းခေါ်တာ block ခံထားရတယ် "

" အစ်ကိုဖုန်းသာ မင်းကိုဆက်သွယ်လို့မရရင် ငါတို့က မင်းအိမ်ကိုသွားပြီး မင်းကိုလာကယ်​တော့မလို့ "

အရူးလေး၏သရုပ်ဆောင်ကောင်းစေရန်လမ်းညွှန် || ဘာသာပြန် ||Where stories live. Discover now