သာယာအေးရွာနှင့် ဝါးတောရွာ။
မြန်မာနိုင်ငံအထက်ပိုင်းတွင်ရှိသော ဤရွာကြီးနှစ်ရွာသည် ရွာအကျယ်အဝန်းကြီးမားခြင်း၊ မြေဆီဩဇာကောင်းမွန်သော လယ်ကွင်းများပြားခြင်း၊ ချမ်းသာကြွယ်ဝသူများ ပေါများခြင်းကြောင့် မသိသူမရှိလောက်အောင် နာမည်ကျော်ကြားသော ရွာကြီးများ ဖြစ်ကြသည်။
အချိန်ကား ဗြိတိသျှတို့ လက်အောက်သို့ တစ်နိုင်ငံလုံး ကျရောက်နေသည့် အချိန်ကာလဖြစ်ပေသည်။
ကျေးရွာအုပ်ချုပ်ရေးအတွက် ရွာရှိ သက်ဆိုင်ရာ သူကြီးများ ခန့်အပ်ပြီး အုပ်ချုပ်စေသည့်အတွက် သူကြီးမင်းများသည် မိမိနယ်တွင် အကြွင်းမဲ့ အာဏာရရှိထားကြသူများ ဖြစ်သည်။
ဦးထွန်းမြတ်ကား သာယာအေးရွာ၏ သူကြီးမင်း ဖြစ်ပြီး အာဏာရှိသလို စည်းစိမ်ဥစ္စာလည်း ကြွယ်ဝသူဖြစ်သည်။ စည်းကမ်းကြီးပြီး တင်းတင်းမာမာရှိသဖြင့် ဇနီးနှင့် သား မိသားစုအားလုံးသာမက တစ်ရွာလုံးကပါ သူ့ကို ကြောက်ရွံ့ရိုသေရသည်ည်။
ဦးအေးဆောင်က ဝါးတောရွာ၏ သူကြီးမင်းဖြစ်ပြီး ရွာသားများ၏ ချစ်ခင် လေးစားခြင်းကို ခံရသူဖြစ်သည်။ အာဏာရှိသူကြီးမင်းဖြစ်သော်လည်း စည်းစိမ်ဥစ္စာမမက်မောက်မော၊ အာဏာ မထောင်လွှားဘဲ အားလုံးအပေါ်တွင် မျှမျှတတ ဆက်ဆံသဖြင့် အများကြီး ချစ်ခင်ခြင်းကို ခံရသည်ည်။ သူ့တွင် အသက် ၁၈ နှစ်အရွယ် ချောမောလှပသော နှင်းနုဆိုသည့် သမီးလေး တစ်ယောက်ရှိသည်။
နှင်းနုသည် နာမည်နှင့်လိုက်အောင် ဖြူစင်ဝင်းမွတ်သော အသားအရေ ရှိပြီး နုနယ်ချောမောသည်။ မျက်တောင်ကော့လေးများအောက်က ရွှန်းလက်သော မျက်လုံးများနှင့် အကြည့်ခံရလျှင် ကာလသားများအားလုံး အယောင်ယောင် အမှားမှား ဖြစ်ကြရသည်ည်။ နှုတ်ခမ်းဖူးလေးက နှင်းဆီသွေးလို ပင်ကိုအရောင်ဖြင့် နီမြန်းစိုလက်နေသည်။ အရပ်မြင့်သော်လည်း ဖွံ့ထွားသော ရင်အစုံ၊ ပြည့်ဖြိုးသော တင်သားတို့ နှင့်ကိုယ်လုံးကိုယ်ပေါက် အချိုးကျသဖြင့် တောင့်တင်းဖြောင့်စင်းသော ခန္ဓာကိုယ်အလှရှိသည်။ နွဲနှောင်းသော ခန္ဓာကိုယ်က လမ်းလျှောက်သွားလျှင် တင်သားစိုင်များ နိမ့်ချီမြင့်ချီလှုပ်ရှားသွားတတ်သဖြင့် ကျားမ မရွေး မငေးဘဲ မနေနိုင်အောင် ဖြစ်ကြရသည်ည်။