အပိုင်း(၇.၂)
ရှစ်ကျန့်ဝမ်ရဲ့ သိုင်းစွမ်းက အလွန်မြင့်တယ်ဆိုတာကို လုပ်ကြံသူတွေက ကြားဖူးကြပါတယ်။ ဒါပေမယ့် ဒါက သူ့ကို ဒေါသထွက်အောင် မပြုလုပ်ခဲ့မီ အထိပဲ။သူက သူ့ရဲ့စွမ်းအားအစစ်အမှန်ကို တစ်ချိန်လုံးဖုံးကွယ်ခဲ့တာပဲ။
လုပ်ကြံသူ တစ်ယောက်ချင်းစီက ထိပ်တန်းသိုင်းသမားတွေချည်းပဲ။ ဒါပေမယ့် သူတို့က ရှစ်ကျန့်ဝမ်ရဲ့ ဓါးချက်အောက်မှာ နောက်ဆုံးအနေနဲ့ အသက်ရှူဖို့ အခွင့်လေးတောင် မရလိုက်ရှာဘူး။ အသက်မပျောက်မီမှာ မျက်နှာကို စေ့စေ့ကြည့်ဖို့တောင် အချိန်မရှိသွားရှာဘူး။ ရှစ်ကျန့်ဝမ်ကတော့ ဘယ်တော့မှ ရပ်တော့မယ် မထင်ဘူး။
တရားနည်းလမ်းကျကျပြောရရင် ရှစ်ကျန့်ဝမ်က သူကိုယ်တိုင်ဘေးကင်းရေးကို ဦးစားပေးသင့်တာလေ။ အစတုန်းကတော့ သူက တိုက်ခိုက်ရေးထဲမဝင်ဘဲ သစ်ပင်ထိပ်ဖျားမှာ ရပ်ကြည့်နေသေးတာလေ။ ဒါပေမယ့် အခုတော့ မြေခွေးလေးကြောင့် အန္တရာယ်ထဲ တုံ့ဆိုင်းခြင်း မရှိ ကိုယ်တိုင်တိုးဝင်လာတယ် မဟုတ်လား။ ဒါက နှင်းမြေခွေးက သူ့အတွက် အရမ်းအရေးကြီးတယ်ဆိုတာ ရှင်းနေတာပဲလေ။
လုပ်ကြံသူ ခေါင်းဆောင်က လက်နဲ့ အချက်ပြလိုက်တဲ့အခါ လူတွေက ပိုပြီးတော့တောင် နှင်းမြေခွေးနောက်ကို လိုက်ကြလေတယ်။
သူတို့တွေအားလုံးက လုပ်ကြံသတ်ဖြတ်မှုတွေကို မရေမတွက်နိုင်အောင် လုပ်ခဲ့ကြပြီးပြီ။ နှစ်ခါပြန် မစဉ်းစားရဘဲ လူတစ်ယောက်ကို လွယ်လွယ်လေး သတ်နိုင်တယ်။ ဒါပေမယ့် သူတို့ပစ်မှတ်က မြေခွေးတစ်ကောင်ဆိုတာ ဒီတစ်ကြိမ်က ပထမဦးဆုံးပဲ။ လူတစ်ယောက်ဟာ ဒီလောက်အတိုင်းအတာထိ တိရစ္ဆာန်တစ်ကောင်ကို ချစ်မြတ်နိုးနိုင်ပါ့မလားဆိုတာကို ဒီနေ့မတိုင်မီအထိ သူတို့မယုံကြည်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ်.. ရှစ်ကျန့်ဝမ်ရဲ့ အပြုအမူတွေက ကျိုးကြောင်းဆီလျော်ရဲ့လားလို့ ဘယ်သူကတွေးနေမှာလဲ။ သူတို့အတွက် အကျိုးရှိမယ်ဆို ပိုကောင်းတာပဲလေ။
ကျိုးယွင်ရှန့်က ဝန်းရံလာတဲ့ လူတစ်စုဆီကနေ ထွက်ပြေးဖို့အတွက် လက်ဝဲဘက်ကို ထွက်ပြေးတယ်။ ဒါပေမယ့် သူ့အင်အားတွေက ကုန်ဆုံးလာနေပြီ။ ခဏလေးအတွင်းမှာ အဖမ်းခံရနိုင်တယ်။
![](https://img.wattpad.com/cover/353313325-288-k117384.jpg)
YOU ARE READING
မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)
Fanfictionဒါက Quickly Wear Face of the Devil ရဲ့ Extra 3 ကို မြန်မာ ဘာသာပြန်ထားတာပါ။ Extra ဆိုပေမယ့် Arc သပ်သပ် တစ်ခုကို ဖတ်ရသလိုမျိုး ဖြစ်မှာပါနော်။ Original Author ကို credit ပေးပါတယ်။ cover photo လည်း credit ပါပဲနော်။