အပိုင်း (၁၂.၂)

2.5K 197 0
                                    

အပိုင်း (၁၂.၂)

လူဖြစ်ပြီးကတည်းက အိပ်တဲ့ပုံစံတွေက အများကြီးကောင်းလာတယ်။ သူက လက်တွေနဲ့ အမြီးတွေကို သိမ်းထားစရာလည်း မလိုတော့ဘူး၊ ဒါပေါ့ .. သွားရည်တွေလည်း မကျတော့ဘူး။ သူ့မှာ ပါးနီနီလေးရယ်၊ နှုတ်ခမ်းနီနီလေးရယ်၊ ငွေ့ရည်ဖွဲ့နေတဲ့ မျက်တောင်ထူထူလေးရယ် ရှိလေတယ်။ သူ့တစ်ကိုယ်လုံးမှာ အနီရောင်အမှတ်တွေနဲ့ ပြည့်နေတာ တစ်ချက်ကြည့်လိုက်တာနဲ့ အခုလေးတင် အားကြိုးမာန်တက် အချစ်ခံထားရမှန်း သိသာနေတယ်။

ကျောက်ရွှမ်က လက်မောင်းတစ်ဖက်ကို ခေါင်းအောက်မှာထောက်ပြီး မြေခွေးလေးကို မလွတ်တမ်း စိုက်ကြည့်နေတယ်။ သူ့ရင်ဘတ်က ကျေနပ်ပီတိတွေနဲ့ နိမ့်ချည်မြင့်ချည် ဖြစ်နေတယ်။ သူက မိစ္ဆာတစ်ကောင်ဖြစ်တာကို လုံးဝဂရုမစိုက်ပါဘူး။ ပြီးတော့ သူ့ရဲ့ ယန်စွမ်းအားတွေ စုပ်ခံလိုက်ရပြီး သေသွားမှာကိုလည်း စိတ်မပူဘူး။ သူ့မှာ ဆန္ဒတစ်ခုပဲရှိတယ်။ မနက်ခင်းတိုင်း မျက်လုံးတွေဖွင့်လိုက်တာနဲ့ ပထမဆုံးမြင်ချင်တာက မြေခွေးလေးရဲ့ လှပတဲ့မျက်နှာလေးကိုပဲ။ သူ လက်ဆန့်ထုတ်လိုက်တာနဲ့ ကိုယ်ခန္ဓာလေးကို ထိတွေ့ရတာကိုပဲ။ ဒါက သူ့ဘဝကြီးမှာ အကြီးမားဆုံး ပျော်ရွှင်မှုပဲလေ။

ဝမ်ပေါင်က တစ်ညလုံး မအိပ်ခဲ့ရဘူး။ သူက တံခါးဝမှာ မတ်တပ်ရပ်နေရင်း အခန်းထဲက လျှံထွက်လာတဲ့ ပြင်းပြင်းပြပြအသံတွေကို အံကြိတ်ပြီး သည်းခံနေရတယ်။ သူ့သခင်အခန်းထဲမှာ ဘယ်က သက်ရှိလူသားတစ်ဦး ရုတ်တရက် ပေါ်ထွက်လာလဲဆိုတာ နားမလည်နိုင်ဘူး။ ပြီးတော့ အရှင်ကလည်း သူ့ကို တစ်ချက်တည်း ရိုက်မသတ်လိုက်ပဲ တစ်အိပ်ရာထဲမှာတောင် လူးလိမ့်နေကြသေးတယ်။

အသံတွေနောက်ဆုံးမှာ ငြိမ်သက်သွားတော့ နေတောင်မြင့်နေပြီ။ သူက သတ္တိတွေကို စုစည်းလိုက်ပြီး တံခါးကို ခေါက်လိုက်တယ်။ "အရှင်.. ကျွန်တော်မျိုး ဝင်လာပြီး ပြင်ဆင်ပေးရမလား၊ အခု နေမြင့်နေပါပြီခင်မျာ"

တံခါးခေါက်သံထွက်လာတော့ ကျောက်ရွှမ်က မြေခွေးလေးရဲ့ နားရွက်တွေကို လက်နှစ်ဖက်နဲ့ ပိတ်ကာထားလိုက်တယ်။ သူက ဒေါသထွက်သွားလေတယ်။ သူက ဝမ်ပေါင်ကို ချက်ချင်းထွက်သွားဖို့ အတွင်းအားကို သုံးပြီး လျှို့ဝှက်ညွှန်ကြားလိုက်တယ်။ ခြေသံတွေ အဝေးရောက်သွားတာလည်း ကြားရော မြေခွေးလေးကို စောင်ခြုံပေးလိုက်ပြီး နဖူးလေးကို နမ်းလိုက်တယ်။ သူက ဖက်လိုက်ပြီး နှစ်ယောက်သား ပြန်အိပ်သွားကြလေတယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now