ချစ်ရသူကလူဆိုးလေး part 3

125 9 1
                                    

ချစ်ရသူကလူဆိုးလေး
(အပိုင်း၃)

Loveတစ်ယောက်အကြီးကျယ်ဒေါသထွက်နေသည်..P'Drakeတစ်ယောက်သူ့ကိုတကယ်ရောချစ်သေးရဲ့လားမသိ.. သူဟိုကောင်လေးဆီခဏခဏသွားနေသည် အဲ့ကောင်လေးကသူကျောင်းစရိတ်ထောက်ပီးကြည့်ပေးနေတဲ့ကောင်လေး နာမည်ကWinဆိုလား..အခုလဲနိုင်ငံခြားသွားမဲ့အရေးကိုသွားတွေ့တွေးသည်ထင်ပါ့.. loveသူငယ်ချင်းတစ်ယောက်က စားသောက်ဆိုင်မှာထမင်းအတူတူစားနေတာတွေ့ခဲ့တယ်တဲ့..ATM ကဒ်ပေးနေတာပါမြင်ခဲ့သည်ဟုအတိကျသတင်းပေးလာခြင်းပင်..အခုP'Drakeလဲခရီးထွက်သွားပီ သူမဟိုကောင်လေးဆီတစ်ခါလောက်တော့သွားတွေ့ရမယ်..တစ်ယောက်တည်းတော့မသွားချင် P'Brightကိုခေါ်ပီးလိုက်ပို့ခိုင်းရမယ်..ဟုတ်ပီ...

တူ....တူ...ဟလို ..တစ်ဖက်မှဖုန်းပြန်ဖြေသည့်ဘိုက်အသံကိုကြားလိုက်ရသည်

Love: P' Baii အားလားဟင်အခု loveသွားစရာရှိလို့လိုက်ကူပါအုံး

Bright: အားပါတယ် P' လာခေါ်ရမလား love၀င်ခေါ်မလား

Love: loveလာခဲ့မယ်နော်

Bright: Okပါ...loveဖုန်းချသွားသည်နှင့် ဘိုက်အ၀တ်စားလဲဖို့ပြင်လိုက်သည် အခုသူ၀တ်ထားတာအိမ်နေရင်းမို့ လက်ပြတ်အကျီနဲ့ဘောင်းဘီတိုကို၀တ်ထားခြင်းပင်...

စပို့စ်ရှပ်နက်ပြာလက်ရှည်နဲ့ဂျင်းပန်အပြာဘောင်းဘီရှည်ကိုတွဲ၀တ်လိုက်သည် အဆီအပိုအလ်ိုမရှိသော Bodyပေါ်မှာ စမတ်ကျကျရှိနေသည် ပြင်ဆင်ပီးတာနဲ့loveရောက်ချလာပီး သူမနဲ့လ်ိုက်ခဲ့လိုက်တော့သည်...

Bright:အခုကဘယ်ကိုမောင်းပို့ပေးရမှာလဲမမလေး ..ဘ်ိုက်စကားကြောင့် loveပြုံးလိုက်ပီး ...

Love: Darkeထောက်ပံ့နေတဲ့ကောင်လေးက်ိုသွားကြည့်မလို့P'...သူကအဲ့ကောင်လေးအကြောင်းပြောရင် မရဘူး နဲနဲလေးကို အပြောမခံလို့ သိချင်လို့လေ ..

ဘိုက်လဲသိချင်မိသည် သူတို့သားဖတွေပြောနေတာတော့ခဏခဏကြားဖူးသည်....

Love: ဟိုး... P' ကားအရှိန်လျော့ရောက်ပီ ဟိုအရှေ့ကဆိုင် သူကအဲ့မှာလုပ်တာ ဟိုတစ်ယောက်ထင်တယ် အသားဖြူဖြူယုန်‌နဲ့တူတယ်တဲ့...Loveပြတဲ့နေရာ ဘိုက်လှမ်းကြည့်လိုက်သည်..

ချစ်ရသူကလူဆိုးလေးWhere stories live. Discover now