Unicode
"ကျုပ် မင်းကို ပုန်းမနေဖို့အကြံပေးချင်တယ် ဒါကအသုံးမဝင်ဘူး"
ခက်ထန်သည့် အသံဟာ တိတ်ဆိတ်နေသော တောမြိုင်အလည် ပဲ့တင်သွားသည်။ထိုအသံအဆုံး မြေတလှောက် ပေါက်ရောက်နေသော အပင်များစွာအနက် မြက်ပင်လေးတပင်မှာ သိသိသာသာ တုန်ရီသွားသည်။
လူသူမရောက်နိုင်သော သားရဲများစွာကျက်စားသည့် မြိုင်မာယာတောနက်အလည်တွင် အဖိုးတန် ဆေးပင်များ ပေါက်ယောက်ကြသည်။ ရှားပါးကာအစွမ်းထက်လှသည့် ဆေးပင်များမှာ နှစ်ပေါင်းရာချီတည်ရှိပြီးနှောက် ကောင်းကင်နှင့်မြေကြီးထံမှာ စွမ်းအင်များ စုပ်ယူကာ အသိစိတ်ဖြစ်တည်လာကြသည်။ ထိုအပင်များမှာ သူတို့ကိုယ်ကို ကာကွယ်ရန် လှပသော မိန်းမပျို၊ယောင်္ကျားပျိုလေးများအသွင်ပြောင်းနိုင်လာကြသည်။ သူတို့၏ သက်တမ်းနှင့် အာနိသင်ပေါ်မူတည်ကာ သူတို့၏အသိညာဏ်မှာ ကွာခြားလှသည်။ တချို့အပင်များသည် ခတ္တခနမျှသာ ပုံရိပ်ယောင် သူယောင်မယ်လေးများအဖြစ်ပြောင်းနိုင်သော်လည်း တချို့မှာ စိတ်တိုင်းကျ ပြောင်းလဲနိုင်သည်။
မြိုင်မယာတောနက်တွင် များပြလှသည့် သူယောင်ပင်၊ သူယောင်သီးများ ပေါလှကာ တပင်တည်းသော အရည်းသွေးရှိသည့် သူယောင်ဆေးပင်လေးတပင်လဲ တည်ရှိသည်။
သူယောင်ပင်ငယ်လေးမှာ တောနက်အတွင်းတည်ရှိသောကြောင့် သဘာဝ၏ အကာအကွယ်အားရထားလေရာ ယနေ့ထက်တိုင် သူအားအနိုင်ကျင့်နိုင်သူမရှိခဲ့။ သို့သော် ယနေ့၌ အနီရောင်အရိပ်တခုဟာ တောနက်ထဲတွင် ရုတ်တရတ်ပေါ်လာပြီး သူ့အား တိုက်ရိုက်ရှာနိုင်ခဲ့သည်။ သူယောင်ပင်လေးမှာ မည်မျှပင် ကိုယ်ယောင်ဖျောက်စေကာမှု ထိုသူ့ထံ မိသွားစမြဲ။ သို့သော် ထိုသူမှာ သူ့အား တိုက်ရိုက်မဖမ်းခဲ့ပါဘဲ ကိုယ်တိုင် လက်နတ်ချလာရန် အလိုရှိပုံရသည်။ နောက်ဆုံးတော့လည်း သူခမျာ လူယောင်ဖန်ဆင်းကာ ပြင်ဖျင်ခွေထိုင်နေသော ထိုသူအနား ဖြည်းဖြည်းချင်း တိုးသွားလိုက်သည်။
မကြာမှီပင် အနီရောင် အဝတ်၊အနီရောင် ခေါင်းပေါင်းနှင့် သူသည် အနားသို့ နီးကပ်လာသည့် ဖြူဖွေးကာ ပန်းရောင် ဖျော့ဖျော့ လုံးဝိုင်းသောခြေချောင်းထိပ်များရှိသည့် ခြေထောက်သွယ်သွယ်သတိထားလိုက်ရသည်။ ထိုခြေဖမိုးနုနုမှာ သူ့၏မြင်ကွင်းအတွင်း ပိုမို့နီးကပ်လာသည်မို့ မော့ကြည့်ရန် ပြင်လိုက်ဆင် ဝုန်းကနဲ အသံနှင့်အတူ လှပသော မျက်နှာလေးမှာ သူ၏မြင်ကွင်းအတွင်း ဝင်ရောက်လာလေသည်။

YOU ARE READING
Short story collection
Romanceတပိုင်းနှစ်ပိုင်းတည်းပြီးတဲ့ဝတ္ထုတိုလေးတွေတင်မှာပါ 1/ ဝဇ္ဇာဇော်ဂျီနှင့် သူယောင်ပင်ငယ် (complete)