Unicode
"အားးးးးး!!!!!"
"ဒီကမိတ်ဆွေ အဘယ်ချိန်ထိ ကျုပ်ကို ဖတ်ပြီး အော်နေအုံးမှာလဲ"
ထိုသူ၏အသံကြားမှ သူယောင်လေးမှာ မျက်ဝန်းစိမ်းစိမ်းလေးများ ဖွင့်ကာ ကြည့်မိသည်။ စက္ကန့်အနည်းငယ်ကပင် သူတို့သည် သူ၏ကျက်စားရာ မြိုင်မာယာတောနက်လယ်မှာ ရှိနေခြေသေးသည်။ သို့သော် ယခု၌ ထိုလူ၏ ကြိမ်တံတထောက်မှာပင် မိုင်ပေါင်းရာချီဝေးခဲ့လေပြီ။
သူယောင်ငယ်မှာတောကြီးမျက်မည်း၌သာ ကြီးပြင်းခဲ့ပြီး ဆေးပင်ငယ်လေးတပင်သာဖြစ်လေတော့သည်မို့ ရောက်ရှိနိုင်သော အမြင့်မှာ အကန့်အသက်ရှိလေတော့သည်။ ထိုကြောင့်ပေမို့ သူအမြင်ကြောက်ရသည်မှာ မဆန်ကျယ်ချေ။
အေးမြမြ လေပြေက သူ၏အဝတ်ဗလာကိုယ်အား ဖြတ်သန်းမိသည်အား ခံစားရ၍ ဤအရပ်မှာ အမြင်တနေရာဖြစ်ပေမည်။ သူယောင်၏ မျက်ဝန်းစိမ်းထက်တွင် မြင့်များသော တောင်တန်းများနှင့် ခြေအောက်မှ တသွင်သွင် စီးဆင်နေသည့်မြစ်နှယ် တဘက်တောင်နှင့် ဒီဘက်တောင်စောင့်အလည်ရှိ တိမ်ပင်လယ်တို့ ထင်ဟပ်လျှက်။
တောင်စောင်းလေးမှာ အတန်ငယ်ကျယ်ဝန်းလှပြီး ခပ်လှမ်းလှမ်းတွင် ဂူတဂူရှိလေသည်။ ထိုဂူမှာ အရှေ့ဘက်သို့ မျက်နှာမှုထားသောကြောင့် နေရောင်ကောင်းစွာရခြေလေသည်။ အရှေ့တွင်လည်း အမိုးပါသည့် ဇရပ်ငယ်လေးရှိကာ လူတဦးနေထိုင်နေသည့် ခြေရာလက်ရာများလည်ရှိချေ၏။"မကြာခင်နေဝင်ချေရော့မယ် အအေးမမိခင် အထဲဝင်ကြတာပေါ့"
ဟိုဟို ဒီဒီ မျက်လုံးလေးကလယ်ကလယ်ဖြင့် ငေးမောနေသည့်သူယောင်ငယ်အား တိုက်ရိုက်ပင်ပွေ့ကာ ခေါ်လာခဲ့ချေပြီ။ ဂူအတွင်း၏ အဂ္ဂိရက်ဖိုမှာ လာသော အလင်းမှိန်မှိန်အား အကူပြူ၍ အတွင်းထိ ဝါးကွတ်ပျစ်ပေါ်တင်လေတော့ ကျုံကျုံလေးထိုင်နေသည်မှာ လိမ္မာလှသော ကလေးငယ်လေးနှယ်။ ကြည်လင်ရိုးသားစွာကြည့်နေသော သူယောင်လေးကြောင့် ရှေ့ဆက်မည့်အရာများအပေါ် အပြစ်ရှိသလိုခံစားလိုက်ရ၏။
"ကဲ ဒီကမိတ်ဆွေလေး အဆင်ပြေရင် ကျုပ် အတွင်းရောအပြင်ပါ မြည်းစမ်းကြည့်ချင်ပါရဲ့"
YOU ARE READING
Short story collection
Romanceတပိုင်းနှစ်ပိုင်းတည်းပြီးတဲ့ဝတ္ထုတိုလေးတွေတင်မှာပါ 1/ ဝဇ္ဇာဇော်ဂျီနှင့် သူယောင်ပင်ငယ် (complete)