Unicode
望妻石
ဇနီးမျှော်ကျောက်တုန်း! တကယ်ကိုဇနီးမျှော်ကျောက်တုန်းတဲ့ ၊ ဒါတွေက ဘယ်ကနေဘယ်လို Trend ဖြစ်သွားလဲမသိပေမဲ့ တကယ်ကြီး သူတို့ Updated လာတဲ့ပုံတွေမှာ ဇနီးမျှော်ကျောက်တုန်းရုပ်ထုဆိုတဲ့စကားလုံးကပါလာခဲ့တယ်။
ဝမ်ရီပေါ်ခေါင်းကိုက်ရပီ ၊ ဒီသတင်းကဘယ်ကနေထွက်လာတာလဲ Fanbase ဘက်ကလားဒါမှမဟုတ် သူတို့အတွင်းလူထဲကပဲလား မသိပေမဲ့ ဒါကတော်တော်လေးအထူးအဆန်းဖြစ်နေတယ်။
အတွေးတွေးကိုဘေးဖယ်ထားပီးမနက်ဖြန် Ralph Lauren Fragrance pop up store ကို Grand Opening အနေနဲ့ရော
ကိုကို့ကို Warmly Welcomeလုပ်တဲ့အနေနဲ့ရော ပန်းစည်းပို့မယ်ဆိုတဲ့ Fansite တွေကြောင့် ဝမ်ရီပေါ် ကိုကို့ကိုယ်ဖုန်းဆက်ရတယ်။ခါတိုင်းလိုအလုပ်ရှုပ်နေတတ်တဲ့ကိုကိုကအခုလည်းဖုန်းကိုခနအကြာမှကိုင်ပြန်တယ်။ မနက်ဖြန်မနက်စောစော Singapore သွားရမယ့်ကိုကိုကြောင့် ပိုပီးတွေ့ရမယ့်ရက်ဝေးသွားတာမလို့ ဝမ်ရီပေါ်က ရှောင်းကျန့်အတော်လေးစိတ်ကောက်လာချင်နေပီဖြစ်တယ်။
ကိုကိုကအခုနောက်ပိုင်းတကယ်ကို သူကို မချစ်တော့ဘူးထင်တယ်။အရင်လိုခနခနလဲဖုန်းမဆက်တော့သလို သူကိုလဲလာမတွေ့ပါ ဖုန်းဆက်တိုင်းလဲရှုတင်မှာလူရှုပ်နေမယ်ဆိုယ်အတွေးကြောင့် ကောက်ချင်နေတဲ့စိတ်ကော ဒီရက်ပိုင်းသတိရနေတဲ့စိတ်နဲ့ပေါင်းပီး ခပ်မြန်မြန်ဖုန်းခေါ်ပြောတော့ ကိုကိုဘက်ကတီခနဲ့အသံမြည်ကာ
" ဝေ့ ပေါင်ပေ့လေး တစ်မိနစ် " နော်ဆိုပီးဖုန်းကိုချသွားပြန်တယ်။
ကိုကိုကတကယ်ကြီးသူကိုသတိမရတော့ဘူးပဲဘယ်လိုလုပ်ရမလဲသူမှာတော့ကိုကို Singapore မသွားခင်ခနလေးဖြစ်ဖြစ်ဖုန်းလေးဆက်လို့ရအောင်Redmi K70 Launch ကိုတောင်အမြန်အဆုံးသတ်ခဲ့ပီးအိမ်ကိုအမြန်ပြန်လာခဲ့တာ ကိုကိုကသူလိုတောင်မဟုတ်ဘူးပဲ။
အတွေးတွေနယ်ချဲ့လေ ဝမ်းနည်းလာလေဖြစ်တာကြောင့် ဝမ်ရီပေါ်ကခါတိုင်းထက်တောင်ပိုပီးဝမ်းနည်းလာတယ်။ အလုပ်ကိုအမြန်အပီးသတ်ခဲ့တာကိုလည်းနောင်တရချင်လာတယ်။ အခုတော့သူမှာ ပိုပီးအချိန်တွေအားလပ်သွားတာကြောင့် ဝမ်းနည်းနေမယ့်အစား Gallery တွေက Photo တွေသာကြည့်နေလိုက်တော့တယ်။