Yibo Ai Zhan 3

754 73 27
                                    

Unicode. ........

" Yellow Book "

စာအုပ်စင် ပေါ် က အဝါဖိုင်လေးတွေကြားမှာညှပ်ထားတယ့်စာအုပ်လေးကို ယူပီးသဘောတကျပြုံးလိုက်မိတယ်။

သူတောင်ဒီစာအုပ်ကိုဘယ်ရောက်လို့ရောက်မှန်းမသိတာ၊ အခုတော့ကောင်လေးဆီမှာတယ့်လား။

ဝယ်လာတယ့် ဆေးထုတ်ကိုဘေးကိုချလိုက်ပီး ဘေးနားကကုတင် ပေါ် အသာတက်လို့စာအုပ်ဖတ်နေတော့ ရေချိူးပီးပြန်လာပုံရတယ့်ကောင်လေးက အတင်းကာရောဆွဲလုတယ်။

" ကျစ် ! ရှောင်းအဘိုးကြီးပေးဗျာ!!!"

ဆူပုတ်ပုတ်နဲ့ဆွဲလုလာတယ့်ကောင်လေးက ရေစက်တွေ တွဲလွဲခိုလိုသူအနားကပ်ကာ ဆွဲလုတယ်။

" ဟက်! ကိုယ်က ဒီစာအုပ်မရှိတော့ဘူးထင်နေတာ ၊
လောင်ဝမ်က သိမ်းထားတာပေါ့ "

" မသိမ်းထားပါဘူး ၊ သူဘာသာ ပါလာတာနေမှာပေါ့ "

" ဟုတ်လို့လား လောင်ဝမ်ရဲ့  "

ကုတင်စောင်းကို မှီလို့မေးလာတယ့်ပုံက တကယ်ကို ကြွေချင်စရာကောင်းလှတယ်။

" ရှောင်းအဖိုးကြီး  ခင်များ က မယုံတာလား "

စိတ်ဆိုးဆိုးနဲ့မေးလိုက်တော့ သူလက်ကိုဆွဲယူကာ ရယ်မောပြန်တယ်။

" ယုံပါတယ် လောင်ဝမ်ရဲ့ ၊ အအေးပတ်မယ် သွားသွား အဝတ်သွားလဲတော့ "

တွန်းထုတ်နေတယ့်လက်အစုံကို ရိုက်ချတော့ အကိုက ရယ်မောပြန်တယ်။

ရယ်မောနေတယ့်အကိုကိုပလစ်ပီး ဗီရိုထဲက အဝတ်ရွေးတော့ အနားကိုရောက်လာပြန်တယ်။

" လောင်ဝမ် "

" ......... "

" လောင်ဝမ် ကိုယ်ကိုကြည့် "

". ............. "

" လောင်ဝမ် "

ညကအချိန်ကြောင့်နာနေသေးတာမို့စကားမပြန်ပဲ အချိန်တစ်ခု ထိ နေနေတော့ ကုတင်ထက်ကဆင်းလာတယ့် အကိုရဲ့ ခြေသံကြားလိုက်တယ်။

တစ်ရွေ့ရွေ့အနားကပ်လာတယ့်အကိုက စကားပြန်မလာတယ့်သူကြောင့်နောက်ကျောကဖက်လို့ ပခုံး ပေါ် မျက်နှာအပ်ပြန်တယ်။

Yibo Ai ZhanWhere stories live. Discover now