ပထမဆုံးအိမ်မက်နှင့် အတိတ်တစိတ်တပိုင်း
ဟုတ်သည် အဲ့မိန်းကလေးနဲ့ပတ်သတ်ပြီး ရစ်ခီ ဘဝတွင် နောင်တများသာရခဲ့သည်။ပထမဆုံးအချစ် ပထမဆုံးအိမ်မက်တွေကိုရိုက်ချိုးခဲ့သော သူမကြောင့် ရစ်ခီ့စိတ်မှာအရိပ်မဲကြီးတစ်ခုကျန်ရှိခဲ့သည်။
'ဟုတ်ပြီ အိမ်ပြန်မယ် မားကိုပြောပြီးပါးကို နားချခိုင်းရမယ်။ ကုမ္ပဏီကိုဆက်ခံဖို့ကလည်းငယ်သေးတယ် သရုပ်ဆောင်လုပ်ဖို့ကျတော့လည်းအဆင်မပြေဘူး အဲ့တော့ ဘာအကြောင်းပြရင်ကောင်းမလည်း။ စဉ်းစားစမ်းပါ ရဈခိီရှနရှာ'
တွေးလေဝေးလေဖြစ်နေသည်း ကိုယ့်ဦးနှောက်ကိုသာရစ်ခီ ထုချင်တော့သည်။ဒီလိုနဲ့ရှန်အိမ်တော်ကို ခြေချဖို့အကြောင်းဖန်လာသည်။
ခြံထဲဝင်ကတည်းက တွေ့တဲ့အစေခံတသီတတန်းကြီးကိုကျော်ပြီးမှ အိမ်မကြီးဆီသို့ရောက်တော့သည်။
''မား သားလာတယ်''
''သား ရှန်လေးရယ် ခုမှပဲတွေ့ရတော့တယ် လာလာ မား သားကြိုက်တဲ့ဟင်းတွေချက်ထားတယ် စတော်ဘယ်ရီသီးတွေလည်းမနက်ကပဲလတ်လတ်ဆတ်ဝယ်ထားတာ သရက်သီးလည်းရှိတော့သားစားချင်တာစားနော်''
''ဟွန့် မားလူကြီးပြောထားတာလား သားလာမယ် ဆိုတာကို အဲ့လိုမှန်းသိမလာပါဘူး မားကိုအပြင်မှာခေါ်ပြီး အပူကပ်တယ်'' ရစ်ခီ မားမားကိုကပ်ချွဲလိုက်သည်။''ကျွေးလိုက် အိမ်ရောက်တုန်း ဝလင်အောင် အပြင်မှာတစ်ယောက်တည်းထွက်နေပြီး လူလည်းအရိုးပေါ်အရေတင်ဖြစ်နေပြီ တော်သေးတာ Idolမို့သာပေါ့ Actorဆိုသွားပြီ ဒီbodyနဲ့ဆို ရောဂါသည်နေရာမှာပဲသရုပ်ဆောင်ရမယ် ဟမ့်''
''ပါး !!! ''
''ဟော ဒီသားအဖတွေမတည့်ကြပြန်ဘူး တွေ့တာနဲ့ရန်ဖြစ်ပြီ ရှန်လေးရဲ့ပါးပါး မချစ်တာလည်းမဟုတ်ပဲနဲ့ သွားသွားမစပါနဲ့သားကို။ ကျွန်မသားလေး အိမ်ပြန်လာခဲတာကို။အလကား သားပါးပါးကစေနတာ သားလာမှာမို့သားအကြိုက်ဟင်းတွေချက်ခိုင်းတာလည်း သူပဲ။အသိီးတွေ လည်း မနက်ကသူ ကိုယ်တိုင်သွားဝယ်ထားပေးတာ ခုမှသာမသိချင်ယောင်ဆောင်နေတာသားရေ''
''သိသားပဲ တမင်အိမ်ပြန်လာအောင် သားကိုသက်သက်အနိုင်ကျင့်နေတာ မားလူကြီးမားပြောပေးအူး''
''သား မားကအတင်းမတိုက်တွန်းချင်ပေမဲ့ သားရှောင်ပြေးနေတာကိုလည်းမကြည့်နိုင်တော့ဘူးကွယ်
ခုထိသားအဆင်သင့်မဖြစ်သေးဘူးလား သားရဲ့ပထမဆုံးအိမ်မက်ကိုစွန့်လွှတ်လိုက်တော့မှာလား ဟင်''
''မားကိုယ်တိုင်က တိုက်တွန်းနေပြီဆိုတော့ သားဆက်ခံသူလုပ်ဖို့ပဲရွေးရတော့မယ် ဟင်း''''ဒီညဒီမှာပဲအိပ်သွားတော့နော် သား''
''ဟုတ်''
ရစ်ခီတစ်ယောက် အချစ်ဆုံးမာမားဆီကပြောလာတဲ့ တိုက်တွန်းမှုကြောင့် စူပုတ်ပုတ်နဲ့ အပေါ်ထပ်အခန်းဆီတက်လာခဲ့သည်။
တစ်နေ့ကျရင် မားနဲ့ပါးရဲ့စေတနာကိုသားသိလာမှာပါ မားတို့ကသားအိမ်မက်တွေကိုအကောင်ထည်မဖော်နိုင်ပဲ နောင်တရနေမဲ့သားကိုမတွေ့ချင်ရုံပါဟု တွေးရင်း ရှန်မားမားသက်ပြင်းသာချမိသည်။Dream85
30.11.23
YOU ARE READING
My Baby From The Past
Fanfictionအိမ်ရှေ့စံဖြစ်သော်လည်း ဦးရီတော်မင်းသားရဲ့ အာဏာတပ်မက်မှုကြောင့် နေ့စဉ်နဲ့အမျှ အသက်အန္တရာယ်စိုးရိမ်နေရသော 1990 ခုနှစ်ရဲ့ အိမ်ရှေ့စံလေး ဆော့မက်ချူး... မျိုးရိုးစဉ်ဆက်ချမ်းသာသော်လည်း မိဘအမွေကိုမဆက်ခံပဲ ဝါသနာပါရာ အနုပညာအလုပ်ကိုလုပ်ခဲ့ရာမှ လျှမ်းလျှမ်းတော...