လက်သည်းမရှိသော အိမ်ရှေ့စံကြောင်လေး
သာယာတဲ့ မနက်ခင်းလေးမှာ နိုးလာရလို့ ဆော့မက်သရူးတယောက် စိတ်ပျော်နေသည်။
ရေမိုးချိုး ပြင်ဆင်ပြီး ဦးရီးတော်ကိုဂါရဝပြုဖို့ ထွက်လာလိုက်သည်။"အိမ်ရှေ့စံ ဒီနေ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံမှာမဟုတ်လား "
" သခင်လေး သခင်လေးလို့ပဲခေါ် ဂွန်းနု"
"ဟုတ်ကဲ့ သခင်လေး ဝန်ကြီးတေနဲ့တွေ့ဆုံဖို့ ခန်းမဆောင်ကိုသွားမှာမဟုတ်လား"
"ဦးရီးတော်ကို အရင်သွားဂါရဝပြုကြတာပေါ့ ဂွန်းနုရ ငါက တူလိမ္မာလေးမဟုတ်လား"
အိမ်ရှေ့စံရဲ့ စကားကြားပြီး ဂွန်းနု စိတ်မကောင်းဖြစ်သွားသည်။
သူတို့အိမ်ရှေ့စံလေးက သိပ်သနားစရာကောင်းသည် မိခင်ဖြစ်သူက တော်ဝင်မိဖုရားမဟုတ်တာမို့ ငယ်ကတည်းက တခြားမင်းသားတွေ အနိုင်ကျင့်တာခံခဲ့ရသည်။ဉာဏ်ကောင်းပြီး သဘောထားကောင်းတဲ့ မင်းသားလေးမို့ ခမည်းတော်ဘုရင်က မျက်စိကျပြီး အိမ်ရှေ့စံအရာပေးခဲ့ပေမဲ့ ဘုရင်နတ်ရွာစံသွားတော့ မိဖုရားခေါင်ကြီးနဲ့ သူ့မောင်ဦးရီးတော်ကို မလွန်ဆန်နိုင်ခဲ့ပြန်ဘူး။
သူတို့အိမ်ရှေ့စံလေးက လက်သည်းမရှိတဲ့ ကြောင်ပေါက်လေးနဲ့တူတယ်လို့ ခံစားရတာကြောင့် အမြဲကာကွယ်ပေးရမယ်လို့ တိတ်တိတ်လေးဆုံးဖြတ်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်နှစ် အဲ့ဒီနေ့ပါပဲ။
အဲ့ဒီနေ့က သူ့လိုအိမ်ခြေရာမဲ့တစ်ယောက်အတွက် သာမန်လိုပဲ ဈေးထဲမှာ ခါးပိုက်နှိုက်နေခဲ့တာပါပဲ ။ ကံဆိုးစွာနဲ့ သူခါးပိုက်နှိုက်မိတဲ့သူက ကိုယ်ခံပညာတတ်တဲ့သူဆိုတော့ တန်းသတိထားမိပြီး သူ့ကိုေသေအာင်ကန်ကျောက်ပါတော့တယ်။"မင်းတို့လို ကောင်တွေကို သေအောင်ရိုက်သတ်ပစ်မယ်ကွ"
"အား ကျွန်တော်တောင်းပန်ပါတယ် နောက်မလုပ်တော့ပါဘူး ရပ်ပေးပါတော့"
"ငါက စောက်ရူးလား မင်းပြောတာယုံရအောင် သေအောင်ကန်မှာ ဘာမှလာမပြောနဲ့ကွ"
"ဒီက အကို သူ့ကိုလွှတ်ပေးပါ သူကကျွန်တော့် သူငယ်ချင်းပါ"
ဂွန်းနု ကန်ချက်တေအောက်မှာ မေ့မျောမသွားခင်ကြားလိုက်ရတဲ့ အသံလေးကြောင့် စိတ်တေအလိုလို လျော့ကျသွားရင်းသတိလစ်သွားခဲ့သည်။
သတိလစ်သွားတဲ့ ကောင်လေးကိုကြည့်ရင်း မက်သရူးသက်ပြင်းချမိသည်။ သည်ကောင်လေးက သူ့ထက် ၂နှစ်လောက်တော့ငယ်မည်ပုံရသည်။ဘာပဲပြောပြောလူ့အသက်က ကယ်ကောင်းတယ်မလား
"မင်းသူငယ်ချင်းဆိုတာ သေချာလား ကောင်လေး""ဘယ်သူ့ကိုကောင်လေးခေါ်နေတာလည်း သေချင်နေတာလား ဒါ ဘယ်သူထင်နေတာလည်း"
"အကို၃စကားအများကြီးမပြောမိပါစေနဲ့"
"ကျွန်တော် တောင်းပန်ပါတယ် သခင်လေး"ရှေ့ကနှစ်ယောက်ရဲ့ အပြောကိုကြည့်ပြီးထိုလူ အနည်းငယ်ရှိန်သွားသည် ။
"မင်းသူငယ်ချင်းဆိုတော့လည်း မင်းသူငယ်ချင်းပေါ့ နောက်တခါဒါမျိုးမလုပ်စေနဲ့ ဒီတခါတော့ထားလိုက်မယ် သွားပြီကောင်လေး"
ဂျောင်ဟွန်းပြောစရာရှိတာပြောပြီး မြန်မြန်ထွက်လာခဲ့သည်။
"အကို ၃ ဒီကလေးကို ကျွန်တော့်အဆောင်သယ်သွားရမယ် ကုန်းပိုးခဲ့ပေးပါအူးနော် "
"ဟုတ်ကဲ့ သခင်လေး"" ဂွန်းနု ဂွန်းနု "
"ဟင် ဗျာ သခင်လေးခေါ်လိုက်တာလား"
အတိတ်ကိုပြန်တွေးမိသွားတာမို့ သခင်လေးခေါ် နေတာ ဂွန်းနုမကြားလိုက်ပါ"ဘာတေတွေးနေတာလည်း သွားမယ်လို့ ဦးရီးတော်ဆီ"
" ဟုတ်ကဲ့ သခင်လေး"
" မဖြစ်သေးပါဘူး ဒီတလော မင်းအရမ်းမေ့တတ်လာတာ မနက်စာရော ပုံမှန်စားလား တော်ပြီနောက်နေ့ကစပြီးငါနဲ့အတူလာစားတော့"
"ဗျာ "#Dream712
YOU ARE READING
My Baby From The Past
Fanfictionအိမ်ရှေ့စံဖြစ်သော်လည်း ဦးရီတော်မင်းသားရဲ့ အာဏာတပ်မက်မှုကြောင့် နေ့စဉ်နဲ့အမျှ အသက်အန္တရာယ်စိုးရိမ်နေရသော 1990 ခုနှစ်ရဲ့ အိမ်ရှေ့စံလေး ဆော့မက်ချူး... မျိုးရိုးစဉ်ဆက်ချမ်းသာသော်လည်း မိဘအမွေကိုမဆက်ခံပဲ ဝါသနာပါရာ အနုပညာအလုပ်ကိုလုပ်ခဲ့ရာမှ လျှမ်းလျှမ်းတော...