သမီးအရမ်းကြောက်မိတယ်ဆရာ
ဒီနှစ်ပြီးရင်ဆရာ့ကိုတွေ့ဖို့ဆိုတာလွယ်ကူနိုင်ပါ့မလား
သမီးလေ ဆရာ့ကိုသိပ်ချစ်တာပဲMathအချိန်ပဲရောက်စေချင်တယ်
ဟင့် လွမ်းတယ်ဆရာရတနာ ရတနာ ဘာတွေများတွေးနေသလဲဗျ ကျွန်တော်ခေါ်နေတာကြာနေပြီ။
ကောင်းသူရလဲရတနာ့ကြည့်ရတာတခုခုကိုလွမ်းဆွေးပုံပေါက်ကာ သူမမျက်နှာလေးမှာနွမ်းနေသည်ကိုသတိထားမိလေသည်။
မဟုတ်မှ သူမချစ်တဲ့သူတေများရှိနေပြီလား။ဟာကွာ တောက်စ် မရဘူးနော်အချစ်
ဟင် ငါသတိမထားမိလို့ပါဆောရီးနော်
သူမမျှော်လင့်နေတဲ့သင်ချာအချိန်ရောက်လာပါပြီ။ကိုကိုရေလာပါတော့ သမီးလွမ်းလှပြီ
ဆရာလာရာလမ်းသို့မျှော်မှန်းကာနေမိတော့သည်။
ကဲ အားလုံးပြောစရာရှိပါတယ်။ကောင်းသူရမှအားလုံးအားအသံပြုလိုက်ရာ အတန်းသားများ၏အာရုံမှာသူ့ဆီသို့ရောက်လာတော့သည်။
ဒီလိုပါ ဒီနေ့mathဆရာကမဝင်ပါဘူးတဲ့နော်။ဆရာတို့သင်ချာဌာနက အားကစားပြိုင်ပွဲရှိလို့ပါတဲ့
ဟေး...ရေ့....
အတန်းသားများမှဝမ်းသာအားရလက်ခုပ်များထတီးတော့သည်။
ဘာလို့ဆိုmathဆရာကစာအရမ်းမေးသောကြောင့်ပင်။
ရုပ်ချောပေမဲ့လဲ သူတို့မှာမကြောင်ရဲကြ အရမ်းရှိန်နေကြရသည်မဟုလားရတနာတေယာက်တော့အကြီးအကျယ်စိတ်ညစ်သွားပါတော့သည်။သူမဆရာ့ကိုမတွေ့ရတာ4ရက်ရှိပြီမလား။
ခိုင်နှင်းနှင့်စံပယ်ကလဲရိပ်မိကြပါသည်။
ဟဲ့ရတနာ မှိုင်မနေနဲ့
ထ လာ အားကစားခန်းမသွားကြမယ်ရတနာ့မျက်နှာလေးဘလင်းဘလင်းထသွားပါတော့သည်။
နင်တို့တကယ်ငါ့ကိုလိုက်ပို့ကြမှာပေါ့နော်
ဟီး....အ့ကြောင့်မို့နင်တို့နှစ်ယောက်ကိုငါကအရမ်းချစ်တာ အာဘွား အာဘွားအမလေး တော်ပါအေ
အခုနကကျလင်ပူမိနေတဲ့မျက်နှာနဲ့
မိန်းမ ပြောကိုမပြောချင်ဘူးနော်ဟီး...နင်တို့ကလဲ
YOU ARE READING
အချစ်ဦးမို့ပါ
Ficción Generalသမီးပထမဦးဆုံးသဘောကျမိတဲ့သူက သမီးကိုနာကျင်အောင်သိပ်လုပ်တာပဲ အချစ်ဆိုတာတကယ်ပဲနာကျင်ခြင်းလားဟင် ခင်ရတနာဦး ငါမင်းကိုလုံးဝစိတ်မဝင်စားတာမလို့ ကပ်တွယ်နေတာတေရပ်တန်းကရပ်လိုက်ပါ အိန္ဒြေသိက္ခာမမဲ့ပါနဲ့ ဦးမာန်လင်းထက် ကိုယ်ချစ်တဲ့မိန်းကလေးဆိုတဲ့ မင်းကိုပဲကြည့်...