I

3.8K 289 27
                                    

ဆိုးလ်မြို့ တရားရုံးက မပြတ်လပ်သော အမှုတွေကြားထဲမှာ သာမန်အမှုငယ်တခုကိုလည်း စစ်ဆေးနေတယ်။ ဒါက ရန်ဖြစ်ပြီး ထိခိုက်နာကျင်စေမှုအပြင် ဘာမှမရှိဘူး။ သို့သော် တဖက်မှ ကျေအေးပေးမည့်ဆန္ဒလည်းး ရှိမယ်မထင်ဘူး။

'' နစ်နာသူရဲ့ခေါင်းက ဆယ့်လေးချက်ချုပ်လိုက်ရတယ်။ ဒါဟာ အကြမ်းဖက်မှုပဲ။ မျှတတဲ့ပြစ်ဒဏ်ကို ချမှတ်ပေးပါ တရားသူကြီးမင်း ''

တရားရုံးအထိရောက်လို့ ယောကျာ်းချင်း စကားများတယ်လို့ မထင်ပါနှင့်။ နစ်နာသူကတော့ အမျိုးသားဖြစ်ပေမယ့် ကျူးလွန်သူက......။

'' မစ်စ် မတ်တပ်ရပ်ပေးပါ ''

ပီကေတောင် အဝါးမပျက်တဲ့ပုံသဏ္ဍန်ဖြင့် မိန်းကလေးတဦး မတ်တပ်ထရပ်တယ်။ နာကြားသူခုံတွေ၌ ထိုင်နေသော သက်လတ်ပိုင်းအမျိုးသားကို ခပ်မဲ့မဲ့ပြုံးပြသော ထိုမိန်းကလေး။

'' မစ်စ်မာနိုဘန်ဟာ နစ်နာသူ ဂျိတ်ခ်စလင်းအား ပုလင်းဖြင့်ရိုက်နှက်ကာ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့တယ်။ ကျူးလွန်မှုအတွက် ဝမ် သန်းခြောက်ဆယ်ကို လျော်ကြေးပေးပြီး စောင့်ကြည့်ကာလ ၁၈လ ချမှတ်သည် ''

တရားသူကြီးအမိန့်ချပြီးပြီးချင်းပဲ အမျိုးသမီးဟာ ထိုင်ခုံမှ ထသွားသည်။ သူမရဲ့နောက်ကို အမျိုးသားနှစ်ဦး လိုက်သွားသည်။ တဦးက သူမရဲ့ရှေ့နေဖြစ်ပြီး နောက်တဦးက ဝမ်းကွဲအစ်ကိုဖြစ်သည်။

'' စောင့်ကြည့်ကာလမှာ ထင်တိုင်းကြဲလို့မရဘူးနော် လီဆာ။ ဒီတခါဆို နင်ထောင်ကျမှာ ''

'' အမေရော ''

'' သူမ ပြန်မရောက်သေးဘူး ''

စကားဆက်မပြောတော့ပဲ တရားရုံးရှေ့မှာရပ်ထားတဲ့ဆိုင်ကယ်ပေါ်ကို တတ်ခွကာ အရှိန်ပြင်းပြင်း မောင်းနှင်ခဲ့သည်။

'' ငါ ဒီနေရာက အဝေးဆုံးကို ထွက်သွားမယ် ''

**

ဆယ့်ရှစ်နှစ်ပြည့်ပြီးခါစ ကျောင်းသူလေးရဲ့ပြင်ဆင်ချိန်ဟာ တခြားကျောင်းသူလေးတွေထက်တော့ အနည်းငယ်ပိုကြာမယ်ထင်တာပဲ။

Three Steps Above Heaven (JL Ver )Where stories live. Discover now