Hannie '
အခန်းထဲဝင်ဝင်ချင်း ကိုကို့ အသံ ကြားလိုက်ရတာကြောင့်
ငိုချင်နေတဲ့စိတ်များကို ထိန်းကာ ပြုံးပြလိုက်သည်။
' hyung ပြန်ရောက်နေပီလား Hannie ပင်ပန်းနေလို့ အနားယူမယ်နော် hyung '
ဘာမှမဖြစ်ခဲ့ကြသလို ဟန်ဆောင်နေနေပေမဲ့ အခန်းထဲထိ လိုက်ဝင်လာတဲ့ hyung ဟာ တစ်ခုခုကို ပြောချင်နေပုံစံကြောင့် သူဘက်က စကားလမ်းကြောင်းစပေးလိုက်သည်။
'hyung ဘာပြောချင်လို့လဲ '
' hyung တောင်းပန်ပါတယ် ဒီနေ့အတွက် '
' မဟုတ်တာ hyung ရယ် ရပါတယ် စိတ်ထဲမထားပါနဲ့
hyung လဲ ကျွန်တော်နဲ့တွဲလာရတာ ကြာတော့ ငြီးငွေ့လာရော်ပေါ့ နောက်ပြီး ကျွန်တော်က ယောကျာ်းလေးလေ hyung ငြီးငွေ့ချင်လဲ ငြီးငွေ့စရာပါပဲ '
' Hannie hyung တောင်းပန်ပါတယ် '
' hyung ကို အရမ်းချစ်တာ သိတယ်မို့လား '
' hannie '
' အဲ့ဒါလေး သိထားရင် ရပြီ hyung
ကျွန်တော် ပင်ပန်းနေပီ ရေချိုးပြီး အိပ်ပြရဇေ '
' အင်းအင်း '
စိတ်ထဲမှာ သေလောက်အောင် ငိုချချင်ပေမဲ့ hyungရှေ့မှာ ငိုလို့မဖြစ်တာကြောင့် ရေချိုးခန်းထဲဝင်ကာ ရေကို အဆုံးထိ အသံကုန် ဖွင့်ပြီး ငိုချပြန်သည်။ အရင်က သူများအပြောနဲ့သိရပေမဲ့ အခုဟာက ကိုယ့်မျက်လုံးနဲ့မြင်ခဲ့ရတာကြောင့် နာတယ် ရင်ထဲက တစ်ဆစ်ဆစ်နဲ့ကို နာသည်။ အသံထွက်မှာကြောက်တာကြောင့် နှုတ်ခမ်းကို ကိုက်တာ အသံတိတ်ငိုကြွေးနေသည်။ အချိန်ကြာရင် hyung စိတ်ပူမှာကြောင့် အငိုတိတ်ကာ အခန်းထဲမှာ ထွက်လာခဲ့သည်။ အရင်ကဆို ကုတင်ပေါ်မှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတက်တဲ့ hyungက သူ့အမှားသူသိလို့ထင်တယ် အခုထိ ကုတင်စောင်းလေးမှာထိုင်နေတုန်း
သူထွက်လာတာမြင်တော့ သူ့ဆီ လျှောက်လာတဲ့ hyung
' Hannie '
' မအိပ်သေးဘူးလား '
' Hannie. ကို hyung တောင်းပန်ပါတယ် hyung နောက်မလုပ်တော့ပါဘူး '
' အင်းသိပီမို့လို့ အာ့ဒီအကြောင်းတွေမေ့လိုက်ရအောင်နော် '
YOU ARE READING
ချစ်မိတဲ့သူက အရှူံး ( Completed)
Truyện Ngắnမင်းကို ချစ်မိထဲက အရာရာ ဆုံးရှုံးခဲ့ပြီးသားပါ ဘာတွေများ မျှော်လင့်နေဦးမှာလဲ
