1 Year later.....
' Hannie ငါတောင်းထားတဲ့ အဖြေလေး မရသေးဘူးလား '
' Hyunjin ငါ အချစ်အကြောင်းတွေ မစဥ်းစားချင်သေးဘူး မင်းသိပါတယ် '
' ငါသိပါတယ် ငါသိလို့လဲ ပြောနေတာ ငါ မင်းကို ချစ်တယ် မင်းသူ့ကို မချစ်ခင်ထဲက ငါမင်းကိုချစ်နေခဲ့တာ မင်းသူ့ကို ချစ်နေမိပီဆိုတာ သိလိုက်ချိန်ကစပြီး ငါမင်းကို အဝေးကနေပဲ ကြည့်နေခဲ့ရတာ မင်းရဲ့ ရီသံလေးတွေ မင်းရဲ့အပြုံးလေးတွေ မင်းရဲ့ကလေးဆန်မှုတွေကို ငါအမြဲ ငေးကြည့်နေခဲ့ရတာ ဒါပေမဲ့ အဲ့ဒါတွေက ငါ့အတွက်ဖြစ်မလာဘူး မင်းငါ့ဘက်ကို နည်းနည်းလေးတောင် မကြည့် ပေးခဲ့ဘူးပဲ '
' Hyunjin ဒါတွေပြောဖို့ ကောင်းတဲ့အချိန်မဟုတ်သေးဘူး '
' အခုထိ lee know hyung ကို မမေ့သေးဘူးလား '
' Hyunjin ငါ့ကို အာ့လူအကြောင်းမပြောလို့မရဘူးလား '
' အင်းပါ ငါ မင်းကို ချစ်တယ် မင်းဘက်က ပြန်မချစ်နိုင်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ မင်းအခုလိုမျိုးတော့ မနေပါနဲ့ ငါရင်တွနာလွန်းလို့ပါ အရင်လို တက်တက်ကြွကြွလေးနဲ့ နေတဲ့ Hannie ကိုပဲ မြင်ချင်တယ် အာ့လူကို အခုထိ မေ့မရသေးလဲ အရင်လို တက်တက်ကြွကြွလေးနဲ့နေလို့မရဘူးလား '
' ငါ မင်းကို သူငယ်ချင်းတစ်ယောက်ထက်မပိုပေးနိုင်တာ တောင်းပန်ပါတယ် hyunjin'
' ငါနားလည်လည်ပါတယ် အရင်ကလဲ မင်းငါ့ဘက်ကိုမတွေးပေးခဲ့သလို အခုလဲ မတွေးပေးခဲ့ပါဘူး မင်းပျော်ဖို့အဓိကပါ '
'hyunjin ငါတို့ ကမ်းခြေ ကို ခရီးထွက်ကြမလား '
' မင်းသွားချင်တယ်ဆို သွားမယ် '
' မနက်ဖြန် လက်မှတ်ဖြတ်ထားလိုက်တော့ အခုတော့ အိမ်ပြန်တော့မယ် '
' မေးမယ်မေးမယ်နဲ့ မမေးဖြစ်သေးဘူး '
' ဘာလဲ hyunjin '
' ဘာလို့ နေတိုင်း ဟန်မြစ်ကိုပဲ လာလာနေတာလဲ '
' ဒီလိုပါပဲ '
' မဖြေချင်လဲ နေပါ ဘာနဲ့ ပြန်မှာလဲ လိုက်ပို့ပေးရမလား '
'ရတယ် hyunjin Taxi နဲ့ပဲ ပြန်တော့မယ် တစ်ယောက်ထဲနေချင်လို့ '
YOU ARE READING
ချစ်မိတဲ့သူက အရှူံး ( Completed)
Cerita Pendekမင်းကို ချစ်မိထဲက အရာရာ ဆုံးရှုံးခဲ့ပြီးသားပါ ဘာတွေများ မျှော်လင့်နေဦးမှာလဲ