Chapter 1

619 75 6
                                    


"အကုန်လုံးလည်းဘွဲ့ရပြီးပြီဆိုတော့ မင်းတို့ရှေ့လျှောက်ဘာဆက်လုပ်မယ်တွေးထားကြလဲ"

ရှဲခနဲမြည်လာတဲ့အသံနောက် အသားကင်နံ့ကဆိုင်ထဲပျံ့နှံ့လာချိန် ဂျေး၏မေးခွန်းကိုဦးစွာဖြေလာသူကား ဆောင်းဟွန်း။

"ငါကတော့ ဒီမှာပဲ master တန်းတက်ရင်း အလုပ်ဆင်းဖြစ်လောက်မှာ။အလုပ်သင်ဆင်းနေတဲ့ဆေးရုံက ဘွဲ့ရတာနဲ့လုပ်ငန်းခွင်တန်းဝင်ဖို့ကမ်းလှမ်းထားတော့ အဲ့မှာပဲ ဆက်လုပ်ဖြစ်မယ်ထင်တယ်"

ဆောင်းဟွန်းစကားကြောင့် ဂျေးမှာအတန်ငယ်ပြုံး၍ခေါင်းညိတ်ပြလာသည်။ထိုသူ့မျက်နှာထက်က ကြေကွဲမှုအရိပ်ယောင်လေးအားဖမ်းမိသူက ဂျိတ်ခ်...

ဆောင်းဟွန်းအပေါ်တစ်ဖက်သတ်အချစ်နဲ့ပဲ တင်းတိမ်နေတဲ့ဂျေးကိုသူအမှန်အံ့ဩမိသည်တော့အမှန်။ပေါင်းလာကြတာပဲ ဆေးကျောင်းစတက်ကတည်းကနေ အခုဆိုဘွဲ့ရလို့လုပ်ငန်းခွင်တောင်ဝင်တော့မယ်...ဖွင့်မပြောဘဲ ဝေးရတော့မယ့်အချိန်ကျမှ တိတ်တဆိတ်ကြေကွဲနေတော့ ဘာလုပ်လို့ရမှာလည်းလေ။

"ဒါဖြင့် မင်းကရော...အရင်အစီစဉ်အတိုင်း Canada ပဲလား"

ဂျေးမျက်နှာပေါ်ကသူသာရိပ်မိသောဝမ်းနည်းမှုတို့ကိုမမြင်ရက်တော့၍ ထိုသူ့အားမေးခွန်းပြန်ထုတ်တော့ ဂျေးကခေါင်းညိတ်ပြသည်။

"ဟိုမှာပဲ master တန်းတက်ပြီး ဟိုမှာပဲအလုပ်ဝင်ဖြစ်မှာ။မင်းတို့လည်းသိတဲ့အတိုင်း ဟိုကအဖိုးဆေးရုံကိုလက်လွှဲယူရမှာဆိုတော့ မသွားလို့မရဘူးလေ။တကယ်က ငါလည်းမသွားချင်ပါဘူး..."

ညီးညူသလိုလိုနဲ့ဆောင်းဟွန်းမျက်နှာကိုလွမ်းတသသကြည့်နေသောဂျေးကြောင့် ဂျိတ်သက်ပြင်းချလိုက်မိသည်။ စိတ်ရှိတိုင်းသာဆို မောင်မင်းကြီးသားကို ထိပ်ခေါက်ပြီး ပြောစရာရှိတာထုတ်ပြောလိုက်တော့ လို့ဆူချင်ပေမယ့် သူပြောလည်း အဲ့ကောင်က မဖြစ်သေးပါဘူးကွာ လို့ပြောမှာအသေချာ။

"သွားလိုက်ပါ ဂျေးရာ။မင်းကဟိုကလုပ်ငန်းကိုလက်လွှဲယူရမယ့်ဟာ ဒီမှာပဲနေနေလို့ဘယ်ဖြစ်မလဲ။ပြီးတော့ မင်းအဖိုးကလည်းမင်းကိုပဲအားကိုးထားတာကို"

𝐌𝐚𝐭𝐜𝐡 𝐌𝐚𝐝𝐞 𝐢𝐧 𝐇𝐞𝐚𝐯𝐞𝐧 : 𝐘𝐔𝐍𝐊𝐈Where stories live. Discover now