Chapter (3.1)

13.9K 118 0
                                    

🍓 Chapter - 3 🍓

လွန်ခဲ့ငါးလ ထိုညက ပိုင်မှူးကိုကိုရဲ့ မွေးနေ့ ဖြစ်တာကြောင့် ကိုကိုက ထိုညမှာ သူငယ်ချင်းတွေကို ဖိတ်ကာ အိမ်မှာပဲ ပါတီလုပ်ခဲ့သည်။

ပိုင်မှူးကို မိတ်ဆက်ပေးချင်လို့ ကိုကိုက အခေါ်လွှတ်လိုက်ပါတယ်ဆိုတဲ့ အစေခံမလေးရဲ့ စကားကြောင့် ပိုင်မှူးတစ်ယောက် ကိုကိုတို့ရှိရာကို လျှောက်လာနေရင်း ကိုကို့ကိုစချင်တာကြောင့် ခြေသံဖွဖွလေးနဲ့ ကိုကို့အနောက်ကနေ လျှောက်လာခဲ့သည်။

ထိုအချိန်မှာပဲ သူပြတ်သားစွာကြားလိုက်ရသည်။

"ငါ့အတွက် အိမ်ထောင်ဖက်ရှာစရာမလိုဘူး ၊ ငါ့မှာ ချစ်ရတဲ့သူ ရှိပြီးသား ၊ အဲ့တစ်ယောက်က ငါ့ကို ပြန်ချစ်မှာမဟုတ်လို့ ငါလက်ထပ်တော့မှာမဟုတ်ဘူး"

ကိုကို့သူငယ်ချင်းတွေကတော့ ကိုကိုလက်မထပ်ဘူးဆိုတာကြောင့် မျိုးဆက်အတွက် စိတ်ပူသွားကြသလို ပိုင်မှူးလည်း ဝမ်းနည်းဝမ်းသာဖြစ်သွားရသည်။ သူ့အပိုင် ကိုကိုကြီးကို သူ့ဆီကနေ ခွဲမထုတ်သွားလို့ ဝမ်းသာရပေမဲ့ ကိုကို့မှာ ချစ်ရတဲ့သူရှိတယ်ဆိုတာကြောင့် ဝမ်းနည်းရပြန်သည်။

ထိုညက ကိုကိုခေါ်တဲ့အနား မသွားတော့ဘဲ အိမ်ပေါ်တက်ပြေးကာ အခန်းထဲ ချက်ချရင်း ငိုင်မိသွားသည်။ ကိုကို့အပေါ်ကို သူ့ခံစားချက်တွေ ပြောင်းလာတာ ဘယ်အချိန်ကတည်းကမှန်းသေချာမပြောတတ်ပေမဲ့ ကိုကိုနဲ့ အဝေးမှာ ခွဲနေရကတည်းက ကိုကို့အပေါ်ကို အရောင်တွေဆိုးကာ ချစ်မိသွားမှန်းသိလိုက်ရသည်။

ပိုင်မှူး ဘယ်နှစ်နာရီရှိသွားသလဲ မသိတော့ပေမဲ့ အောက်ထပ်က နှုတ်ဆက်သံတွေကြားမှသာ သူထိုအတိုင်း ငိုင်နေဆဲဖြစ်တာကို သတိဝင်လာသည်။ ပွဲတက်ဝတ်စုံချွတ်ကာ ရေချိုးပြီးအနားယူဖို့ ဆုံးဖြတ်လိုက်ရင်း ထလိုက်သည်။

ကျွီ~~~~~~

သူ့အခန်းတံခါးကို မေမေတို့တောင် မရပဲ သူနဲ့ ကိုကိုသာလျှင် တံခါးခေါက်စရာမလိုဘဲ လက်ဗွေရာနဲ့သာ ဖွင့်နိုင်သည်။

ကိုကိုက သူ့အခန်းအလား ဝင်လာကာ ဝတ်ထားသည့် အင်္ကျီတွေ ချွတ်ရင်း ပိုင်မှူးကုတင်ပေါ်လှဲကာ ဝင်အိပ်လေသည်။ ပိုင်မှူးလည်းကြောင်အသွားကာ ကိုကို့ကို နှိုးဖို့ အနားအသွား

Brother's Love ( Completed )Where stories live. Discover now