Chapter - 5

336 14 0
                                    

"ပါးနှစ်ဖက်မှာ တင်းတိပ်တွေ အများကြီးရှိတယ်..."

"မင်းရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ထည့်ထား နေစရာမလိုဘူး"

တည်ငြိမ်အေးဆေးသော အသံဖြင့် သူထောက်ပြလာ၏။'ဟုတ်ကဲ့ 'လို့ အလျှင်အမြန် အဲဗ်လီ ပြန်ဖြေလိုက်သည်။စူးစူးရှရှ အကြည့်များဖြင့် သူမကို စိုက်ကြည်နေလို့လျက်။သူပြောသောအသံက ပြက်သား၏။တစ်နည်းနည်းဖြင့် သူမ ညစ်ညမ်းနေသလိုတောင် ခံစားလာရတော့သည်။

"သူ့မျက်လုံးတွေက ပြူးကျယ်ပြီး သူ့ပါးပြင်ပေါ်မှာ တင်းတိပ်တွေရှိတယ်။သူဆံပင်တွေက သစ်ရွတ်လေးလို အစိမ်းရောင်လေး။သူ့ခန္ဓာကိုယ်အချိုးစားက....အလွန်အကျွံကို ဝလွန်းတယ်။ဝတဲ့ဘက်ခြမ်းမှာ ရှိပေမယ့် သူက တော်တော်လေးကို လျင်မြန်သွက်လတ်နေတုန်းပဲ"

"တခြား ဘာ ရှိသေးလဲ?"

"အို့ သူ့အသံက နည်းနည်းတော့ ထူးခြားတယ်လို့ ထင်တယ်။သူ့လေသံက မြင့်ပေမယ့် သူ့အသံက အဘိုးကြီးတစ်ယောက်လို အနည်းငယ် လေးပင်နေတာ"

"ကောင်းပြီ။လောလောဆယ် ဒီလောက်ပဲ။လိုအပ်မှ ထပ်ခေါ်လိုက်မယ်"

"ဟုတ်ကဲ့ပါ သခင်လေး"

ယဉ်ကျေးစွာ ဦးညွတ်ထားသည့် အဲဗ်လီသည် တစ်ခုခုကို တွေးတောရင်း ဝန်လေးသွားကာ သူ့ကို ပို၍သတိထားပြီး ကြည့်လိုက်သည်။

"ဖြစ်ကောင်းဖြစ်နိုင်တယ်... သခင်လေးက ငါ့ကို အပြစ်ပေးမှာလား?"

အဲဗ်လီကို သူစိုက်ကြည့်လိုက်၏။ရုံးခန်း‌ထဲကို သူတို့ဝင်လာပြီးကတည်းက အဲလက်မျက်လုံးတွေက စားပွဲပေါ်မှာသာ မျက်နှာမူထား‌ပေမယ့် ခုချိန်မှာ သူ့အကြည့်တွေက ပထမဆုံးအကြိမ် သူမထံ ဦးတည်လာခဲ့ခြင်းဖြစ်၏။

သူ့မျက်လုံးတွေက ငြိမ်သက်နေပြီး သူမပုံရိပ်ကိုတောင် ဖြတ်မြင်နိုင်၏။အဲဗ်လီ ခြေချောင်းလေးတွေကို ဖျစ်ညှစ်လိုက်သည်။သူ့အကြည့်တွေက သူမကို ချိန်ခွင်တစ်ခုပေါ်ရှိ ကုန်ပစ္စည်းတစ်ခုလို ချိန်တွယ်နေပုံပင်။

"ဒီမှာ နေထိုင်ရတာ ဘယ်လိုလဲ?"

သူမမေးခွန်းကို လျစ်လျူရှူလိုက်ပြီး ‌နှေးကွေးသော အသံဖြင့်မေးလာ၏။

အဲဗ်လီ၏မကုန်ဆုံးနိုင်သောညများ [ ဘာသာပြန် ]Where stories live. Discover now