Chapter - 6 ( part - 1 )

332 18 4
                                    

စစ်ပွဲကြီး ပြီးဆုံးဖို့ သုံးနှစ်ကြာခဲ့သည်။အောင်ပွဲခံတဲ့စစ်ပွဲ ဖြစ်လာ၏။ထပ်ခါတလဲလဲ အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများ၏ ငြီးငွေ့ဖွယ်နေ့ရက်များအဆုံးတွင်၊ Kater ဧကရာဇ်သည် နိုင်ငံငယ်နှစ်ခုမှ လုံးဝလက်နက်ချအညံ့ခံခြင်းကို ရရှိခဲ့တော့သည်။ကမ္ဘာတစ်ဝှမ်းမှ ဘုရင်များသည် အသနားခံစာတစ်စောင်ဆီ ပေးပို့ခဲ့ကြပြီး သံတမန်များသည်လည်း ဧကရာဇ်မင်းမြတ်၏ ခြေတော်အောက်မှာ အရိုအသေပေးရင်း ဦးညွတ်ထားကြရသည်။နယ်နိမိတ်များကြားတွင် လက်အောက်ခံနိုင်ငံဖြစ်လာခြင်း၏ အရှက်ရစေသော ပုံရိပ်များပင်။

စစ်ပွဲကြီး ပြီးဆုံးသွားလို့ ခရာမှုတ်သံကြားလိုက်သည့်အခိုက်အတန့်မှာ တိုင်းသူပြည်သားများကဝမ်းသာအားရပွေ့ဖက်ခဲ့ကြသည်။Kater၏အောင်ပွဲအား သူတို့ရဲ့အောင်ပွဲဖြစ်ပြီး Kater၏အောင်မြင်မှုသည် သူတို့ရဲ့အောင်မြင်မှုအဖြစ် မှတ်ယူကြ၏။အောင်ပွဲ အထိမ်းအမှတ်အဖြစ် စတိုးဆိုင်အများစုသည် သူတို့၏ ထုတ်ကုန်စျေးနှုန်းများကို လျှော့ချခဲ့တယ်၊ ချမ်းသာသူများသည်လည်း ငတ်မွတ်သူတွေကို ကျွေးမွေးဖို့  ဂိုဒေါင်ကိုဖွင့်ခဲ့ကြပြီး လှည့်လည်သွားလာနေသော ဂီတပညာရှင်များသည် သူတို့၏ ပြောင်မြောက်သော အပြောအဆိုများဖြင့် ဖျော်ဖြေပွဲများ၏ ဂုဏ်ကျက်သရေကို ပြန်လည်ပြသခဲ့ကြသည်။

အဲလက် ဘရန်ဟာ့ဒ်သည် စစ်ပွဲ၏သူရဲကောင်းဟု ဆိုကြ၏။ရက်စက်ကြမ်းကြုတ်သောစစ်နတ်ဘုရား။သူ့စစ်တပ်ကို ကိုယ်စားပြုသည့်အနက်ရောင်အလံ လွင့်ပျံလာတဲ့အခါ သွေးနံ့တွေ သယ်ဆောင်လာခဲ့၏။ဓားကို သူ ကိုင်ဆောင် လိုက်သည့်အခိုက် သူ၏မဟာမိတ်များက အသက်ရှုကြပ်ကာ အရှုံးပေးလာကြတော့သည်။သနားညှာတာခြင်းမရှိဘဲ စစ်သည်တော်များကို လှီးဖြတ်၊ နင်းခြေ၊ သတ်ဖြတ်လေလေ Katerပြည်သူတွေ သူ့ကို ပိုပြီး ချီးမွမ်း အမွှမ်းတင်လေလေပဲ။

မည်သည့်အခြေအနေမျိုးတွင်မဆို ဓားကို ရပ်တန့်ခဲ့ခြင်းမရှိ‌။!သူကိုယ်တိုင် လူအနည်းစု၏လည်မျိုကို လှီးဖြတ်ခဲ့သည်။!သူ့ကို ပိုရက်စက်လူမဆန်တဲ့ မွန်းစတားတစ်ကောင်အဖြစ် ပေါ်လာကြတယ်လို့ အမှန် (သို့) အတုဖြစ်နိုင်သည့် ကောလဟာလပေါင်းများစွာကိုလည်း ပြောထားကြသေး၏။အဲလက်ကို ယုတ်ညံ့ပြီးရက်စက်သည်ဟု အချို့က စွပ်စွဲအပြစ်တင်ကြပေမယ့် ထိုဝေဖန်မှုများကို ပြည်သူတွေရဲ့ ကောင်းချီးအားပေးနှစ်သိမ့်မှုထဲမှာ မြှုပ်နှံထားခဲ့လိုက်သည်။

အဲဗ်လီ၏မကုန်ဆုံးနိုင်သောညများ [ ဘာသာပြန် ]Where stories live. Discover now