3

355 65 95
                                    

တကယ်တော့ မင်ဂျွန်းက အစထဲက ဖခင်၏ ခိုင်းစေမှုကြောင့် ဂျယ်ယွန်းအပေါ်ကောင်းပေးခဲ့ခြင်းသာ။


တဖက်လူက သူ့အားတွယ်တာနေခြင်းကို သူက အမြဲစိတ်ပျက်နေခဲ့သည်။

သူ့အဖေနှင့် တွေ့လိုက်တိုင်း ဂျယ်ယွန်းအပေါ် မည်မျှကောင်းပေးသင့်ကြောင်း ဂျယ်ယွန်းစိတ်ကြိုက်လိုက်လျောပေးသင့်ကြောင်း အမြဲတစေ ဆူပူနေတတ်သဖြင့် မင်ဂျွန်းက ဂျယ်ယွန်းကို ပိုပြီး မုန်းတီးလာသည်။


သူက သူ့အ‌ေဖ‌ေပြာသည့်စကားအတိုင်း ဂျယ်ယွန်းအနားမှာ အစေခံတစ်ဦးလို ခစားရမည့်ဘ၀ကိုမလိုချင်ပေ။



သူက ဂျယ်ယွန်းကိုပိုမုန်းလာပြီး ဂျယ်ယွန်းကိုမမြင်ချင်တော့သည့်အချိန်တွင် ဂျယ်ယွန်း၏သူငယ်ချင်း ဟန်ဆိုးနှင့်တွေ့ခဲ့သည်။


မင်ဂျွန်း၏အမြင်တွင်တော့ ဂျယ်ယွန်း၏ အုံ့မှိုင်းနေသည့်တိမ်စိုင်များလို ပုံစံထက် ဟန်ဆိုး၏ နေရောင်ခြည်လို ပုံစံမျိုးလေးကိုပိုသဘောကျမိသွားသည်။


ဂျယ်ယွန်း၏ အထက်တန်းကျပြီး မြင့်မြတ်တဲ့ပုံစံထက် ဟန်ဆိုး၏ နူးညံ့သိမ်မွေ့သည့်အမူအရာများကို သူက ပို မက်မောသည်။



သူ့ထက်မြင့်မားတဲ့‌ေနရာမှာ ရှိနေတဲ့ဂျယ်ယွန်းထက် ပျော့ညံ့သည့်ဟန်ဆိုးအနားမှာ ရှိ‌ေ‌နရသည်ကို ပိုပြီးသက်တောင့်သက်သာခံစားရသည်။


ဂျယ်ယွန်းနှင့်ဆိုလျှင် သူ၏မသိစိတ်အတွင်းမှ သိမ်ငယ်နေတတ်ပြီး ဟန်ဆိုးနှင့်ဆိုလျှင်တော့ ဆင်းရဲသောမိသားစုမှလာ‌ေသာ အိုမီဂါလေးအား သူ့အင်အားဖြင့် စောင့်ရှောက်ပေးနိုင်လေသည်။


တကယ်တမ်းတွင် မင်ဂျွန်းက သူကိုယ်တိုင်တော့မသိခဲ့ပေမဲ့ အငုံ့စိတ်နှင့်‌alphaတစ်ယောက်ပင်။

ဂျယ်ယွန်းဘက်က အကောင်းဆုံးတွေကိုပေးလေ သူကပိုပြီးသိမ်ငယ်လေဖြစ်နေမှာပင်။

ထို့ကြောင့်လဲ သူ၏မသိစိတ်မှ သူ့ထက်သာလွန်နေသော ဂျယ်ယွန်းကိုဖိနှိပ်ရတာကို ဘ၀င်ခိုက်နေလေသည်။


𝑹𝒆𝒅𝒂𝒎𝒂𝒏𝒄𝒚Where stories live. Discover now