4

375 68 61
                                    

မမျှော်လင့်ထားသည့် ယာဉ်မတော်တဆမှုအဆုံးတွင် ဂျယ်ယွန်းကိုကယ်တင်ရင်း ဆောင်းဟွန်းက နေရာမှာတင် ပွဲချင်းပြီးသွားခဲ့သည်။

မျက်စိရှေ့မှာတင် ဘ၀ကူးသွားတဲ့ကောင်‌ေလး‌ေကြာင့် ဂျယ်ယွန်းရဲ့စိတ်ဓာတ်တွေကတော့ အလဲလဲအပြိုပြို။


သူ့ရဲ့ လေးဘက်လေးလံမှာ  အမှောင်နံရံများဖြင့် ပိတ်ဆို့ခြင်းခံထားရသလို ခံစား‌ေနရပြီး သူကိုယ်တိုင်ကပင် အဆုံးမရှိသည့်အ‌ေမှာင်ထုများထဲ နစ်မြုပ်သွားတော့မတတ်ပါပဲ။


ဆောင်းဟွန်း၏ သေဆုံးသည့်သီတင်းက ကျောင်းတွင်လဲ လူတိုင်းကိုယောက်ယက်ခတ်သွားစေခဲ့သည်။


ကျောင်းအုပ်ကြီး၏အဆိုအရ ထိုအယ်လ်ဖာ‌ေကာင်‌ေလးသည် အင်ပါယာ၏ ပင်မကာကွယ်ရေးတပ်မတော်မှ ဗိုလ်မှူးကြီး၏ တစ်ဦးတည်းသော သားဖြစ်နေခဲ့သည်လေ။



ဆောင်းဟွန်းသေဆုံးပြီးကာမှ သူ၏နောက်ခံအပြင် ဆောင်းဟွန်းနှင့် ပတ်သတ်သော အကြောင်းအရာများကို ဂျယ်ယွန်းသိခဲ့ရသည်။



ဥပမာအားဖြင့် နာမည်ကြီးစစ်တက္ကသိုလ်မှာမတက်ဘဲ ဘာကြောင့်မှန်းမသိ သူတို့ကျောင်းရဲ့ စစ်ပညာဌာနကို ရွေးချယ်ခဲ့တဲ့အကြောင်း၊အယ်လ်ဖာဖြစ်ပြီး အပတ်တိုင်းလိုလို ချက်ပြုတ်ရေးအတန်းကို လာတက်တတ်တဲ့သူ့ရဲ့ ထူးထူးဆန်းဆန်းဝါသနာများအကြောင်း စသဖြင့်ပေါ့။



တခြားသူများမသိပေမဲ့ ဂျယ်ယွန်းကတော့ သိနေခဲ့သည်။


ထိုကောင်လေးရဲ့ထူးဆန်းတဲ့အပြုအမူတွေအားလုံးရဲ့နောက်ကွယ်က အကြောင်းရင်းက သူကိုယ်တိုင်ဖြစ်နေခဲ့သည်လေ။



ဂျယ်ယွန်းက ဆောင်းဟွန်းမသေခင်က ဆောင်းထားသော သွေးတွေစွန်းနေသည့် ဦးထုပ်လေးကို ကိုင်ကာ ငိုမိသည်။



*အရူးလေး...မင်းဘာလို့ဒီလောက်တောင် ရူးရတာလဲ
ငါ့အတွက်နဲ့များ...ဆောင်းဟွန်းရာ*


ဂျယ်ယွန်းက ဆောင်းဟွန်းအကြောင်းကိုပိုသိလေလေ သူ့ကိုယ်သူအပြစ်တင်မိလေလေဖြစ်သည်။



𝑹𝒆𝒅𝒂𝒎𝒂𝒏𝒄𝒚Where stories live. Discover now