[ Unicode]
ဟျောင်းလက်ထပ်တော့မယ်
ဘောမ်ဂယူ ''တကူးတကကြီး အိမ်တိုင်ရာရောက်
လာပြီး အသိပေးတဲ့ မင်္ဂလာစကားဟာ
ကိုယ့်အတွက်တော့ အမင်္ဂလာအတိ ။" ဂုဏ်ယူပါတယ် ဟျောင်း ''
တကယ်ကို စိတ်ရင်းမဟုတ်ပေမယ့်လည်း...
" ဘောမ်ဂယူ... ပြန်လာမယ်
မဟုတ်လား ''" ကျွန်တော် ပြန်လာမှ
ဟျောင်းရဲ့ မင်္ဂလာပွဲက
အထမြောက်မှာလား ''ဟျောင်းရဲ့စကားကို
ခန့်မှန်းမိပေမယ့် ပိုသေချာအောင်
ထပ်မေးလိုက်တော့..." ဟျောင်းရဲ့ လက်ထပ်ပွဲက
မင်းရှိနေမှ ပိုပြီးပြည့်စုံမှာ
ဘောမ်ဂယူ ''ထင်ထားတဲ့အတိုင်းပဲ... ။
ချွဲဆူဘင်းရဲ့ လက်သုံးစကားဟာ
ဒါပဲလေ..." မင်းရှိနေမှ ... '' တဲ့ ။
ဒေါသထွက်ချိန်တိုင်း
ဖြေသိမ့်ပေးရမယ့်သူ....ပျော်ရွှင်မှုတွေကြုံလာတိုင်း
ပြုံးပြနေပေးရမယ့်သူ...ဝမ်းနည်းမှုတွေ
မျှဝေခံစားပေးရမယ့်သူ...ဒုက္ခတွေကို တွေဝေမှုမရှိ
ခါးဆီးခံပေးရမယ့်သူ...ချွဲဘောမ်ဂယူဆိုတာ
ချွဲဆူဘင်းအတွက်တော့
အဲ့သလို လူစားမျိုးပဲ ။"ထားရာနေ... စေရာသွား''
ဆိုသည့်စကားဟာ
ကိုယ့်အတွက် တမင်ရည်ရွယ်ထား
လေသလား ။ကိုယ့်စိတ်ကူးထဲက
ချွဲဆူဘင်းဟာ အမှန်တကယ်
တည်ရှိနေတဲ့ ဖြစ်တည်မှုနှင့်
လားလားမျှ မသက်ဆိုင် ။နာကျည်းထိုက်သည် ။
မုန်းတီးဖို့ အကြောင်းအရာ
ခိုင်မာနေသည် ။ သိုပေမယ့်...မနာကျည်းရက်
မမုန်းတီးနိုင် ဖြစ်နေသည် ။သူစွန့်ပစ်လိုက်တဲ့ အမှိုက်သရိုက်လို
အဖြစ်အပျက်တွေကို
လိုလိုလားလား လက်ခံချင်နေတဲ့
ကိုယ်ဟာ တကယ်ကို
အမှိုက်ပုံးတစ်ခုလိုပင် ။အခု အဲ့ဒီ အမှိုက်ပုံးကို
ထပ်ပြီး အသုံးလိုနေပြီးထင်ရဲ့ ။
YOU ARE READING
𝘐𝘯𝘵𝘪𝘮𝘢𝘵𝘦 𝘚𝘵𝘳𝘢𝘯𝘨𝘦𝘳
Romanceဒီဘဝ ဒီမျှနဲ့တင် မကဘူး နောင်ဘဝ အဆက်ဆက်ထိ မင်း ဆိုတဲ့ သံသရာထဲမှာ ငါယစ်ဝဲနေမှာ... 🦋