[ Unicode]
ယဥ်ကျေးသိမ်မွေ့လှသော
မြို့ပြကြီးရဲ့ နေ့ဘက်အလှတရားတို့
နေဝင်ပြီးနောက် ထပ်မံ
ထွက်ပေါ်လာသော မီနီယွန်
အလင်းရောင်များဖြင့် ခြယ်မှုန်းထားတဲ့
ဂန္တဝင်အလှတရားတစ်ခု ။ထိုအလှတရားကို ပိုပြီးကွန့်မြူးအောင်
ဖန်တီးပေးမယ့် ပညာရှင်များက သူတို့၏
အဆင်း အရောင် အရည်အသွေး
ပြည့်ဝလှပါသော
လက်စွဲတော်အသီးသီးဖြင့်
လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်စီမှာ
အပြည့်အဝနေရာယူထားလေသည်။'' အခုထိ မစသေးဘူးလား ''
တစ်ဖက်လူရဲ့ အမေးကြောင့်
လက်ထဲမှ နာရီကိုတစ်ချက်ကြည့်လိုက်တော့...အချိန်အားဖြင့် 11:30 PM ။
'' ခဏနေရင်... စပြီ ''
'' ဒီနေ့ပွဲက သာမန်ပွဲလေးပဲမဟုတ်လား ။
ဘာလို့ လုံခြုံရေးတွေက ပိုများနေရတာလဲ ။
လူသစ်တွေလည်း တော်တော်များနေတယ် '''' .... ''
'' ဘယ်သွားဖို့လဲ... ပွဲစတော့မယ်လေ ။
မင်းပြောတော့ အနိုင်ရတဲ့ကားကို
အရယူမယ်ဆို '''' စိတ်မပါတော့ဘူး ''
နေရာကနေ လှည့်ထွက်မည်အပြု...
'' ya !! အချိန်မပြည့်သေးရင် ထွက်လို့မရဘူးကွ ''
ကိုယ်က မျက်မှောင်ကြုတ်ရင်း
နားမလည်သည့်သဘောကို ပြလိုက်တော့'' ဆောရီး... ''
'' ဘာအတွက်? ''
'' ဒီ field က စည်းကမ်းကြီးတယ် ။
ဝင်လာပြီးရင် သတ်မှတ်ထားတဲ့
အချိန်အတွင်း ဘယ်သူမှ
ထွက်ခွင့်မရှိဘူး ။ '''' ထွက်ရင်ရော... ''
'' ပြင်းပြင်းထန်ထန်
အပြစ်ပေးခံထိတယ် လို့
ပြောကြတာပဲ '''' ဘယ်လို အပြစ်မျိုးပေးတာလဲ ''
ဘယ်သိမလဲ ဆိုသည့်သဘောကို
ပုခုံးနှစ်ဖက် တစ်ချက်ပင့်လျက်
ပြလေတော့ ...စိတ်ပျက်စွာဖြင့် ထိုနေရာမှ
ချက်ချင်း လှည့်ထွက်ခဲ့သည် ။'' ဘမ်န် !! ''
ဘယ်လိုတောင် အူကြောင်ကြောင်နိုင်လိုက်သလဲ ။
YOU ARE READING
𝘐𝘯𝘵𝘪𝘮𝘢𝘵𝘦 𝘚𝘵𝘳𝘢𝘯𝘨𝘦𝘳
Romansဒီဘဝ ဒီမျှနဲ့တင် မကဘူး နောင်ဘဝ အဆက်ဆက်ထိ မင်း ဆိုတဲ့ သံသရာထဲမှာ ငါယစ်ဝဲနေမှာ... 🦋