Dating confirm

278 26 2
                                    

Breaking News

{Kim Taehyung နဲ့ Jeon Jungkook တို့နှစ်ဦးသည် ချစ်ကြိုက်နေခဲ့သည်မှာကြာခဲ့ပါပြီ။ အကြောင်းကိစ္စတချို့ကြောင့်ဖုံးကွယ်ခဲ့ရပေမယ့် အခုတော့ ပရိတ်သတ်တွေကိုအသိပေးသင့်တဲ့အချိန်ရောက်လာခဲ့ပါပြီ။ သူတို့နှစ်ဦးရဲ့အချစ်ကိုနားလည်လက်ခံပေးမယ်လို့မျှော်လင့်ပါတယ်။ ချစ်သူသက်တမ်း10နှစ်ပြည့်မှယခုလိုထုတ်ပြောခဲ့ရခြင်းဖြစ်ပါတယ်။ ဆက်ပြီးချစ်ခင်ပေးကြဖို့မျော်လင့်ပါတယ်။ }

ယနေ့ည ကိုရီးယားစံတော်ချိန် 9နာရီ
တိတိတွင် HYBE Entertainment မှထုတ်ပြန်လာသောသတင်းကြောင့်
တကမ္ဘာလုံးရှိအာမီများပွဲဆူသွားကြတော့သည်။သဘောကျတဲ့သူရှိသလို သဘောမကျတဲ့သူတွေကလဲရှိသည်။
ထိုလူတွေကို ကပ်ကပ်လန်အောင်
ပြန်ပြောကြသူတွေကတော့
Kim Taehyung နဲ့ Jeon Jungkook
ကို Ship ခဲ့တဲ့သူတွေဖြစ်၏။

{ အားးး....ငါ့မျက်လုံးကိုတောင်ငါမယုံနိုင်ဘူး တကယ်ကြီး confirm လိုက်ပြီလား ကယ်ကြပါဦးအားး}

{ဒါအိမ်မက်မဟုတ်ဘူးဆိုတာသိရအောင် ငါ့ကိုပါးဆယ်ချက်လောက်ရိုက်ပေးသွားကြပါလား}

ထိုသတင်းတင်သော post အောက်တိုင်းတွင် မန့်များစွာပွဲဆူကြပြန်သည်။ ရှိရှိသမျှ Social platform တိုင်း ထိုသတင်းထူးကိုအပြိုင်အဆိုင်တင်ကြသည့်အပြင် အရင်က ထိုသူနှစ်ဦးရဲ့တမူထူးခြားခဲ့တဲ့ Video တွေပုံတွေပါပြန်တင်ပြီးစမြုံ့ပြန်ကြသည်။

{ငါကအာမီမဟုတ်ပေမယ့် အဲ့ဒီ့နှစ်ယောက်ကိုတွေ့တာနဲ့ သူတို့ကတခုခုပဲ
ဆိုတာကိုသိသားပဲ။ ဘာပဲ​ဖြစ်ဖြစ်
လိင်တူချစ်သူနှစ်ယောက်အခုလို
ပေါ်တင် ဖွင့်ပြောခဲ့တာကို ဂုဏ်ယူပါတယ်။ အချစ်ခရီးလမ်းလေး
ဖြောင့်ဖြူးပါစေ}

{ ငါ့အတွဲလေးကိုလဲသူတို့လိုဖော်စေချင်လိုက်တာ ။ Taekooker တွေအရမ်းကံကောင်းတာပဲ သူတို့သဘောကျတဲ့အတွဲကခုလိုရီးရဲကြီးဖြစ်ခဲ့တာ ငါတို့လဲအားကျတယ်လို့!!}

{လာပြန်ပြီအခြောက်တွေ ယောကျာ်းချင်းဘာကောင်းလို့လဲ}

{အပေါ်ထပ်ကသတောင်းစားရေ ကိုယ့်ကိစ္စမဟုတ်ရင်ဖင်ဝင်မယားနဲ့ ဒီခေတ်မှာ လိင်တူချစ်တာကိုမကြိုက်တဲ့နင်တို့လို တာဇံတွေရှိနေသေးတာမယုံနိုင်ဘူး}

Happy EndingWhere stories live. Discover now