"အရှင်.....ကြင်ယာတော်ပျောက်သွားတယ်"
လက်အောက်ငယ်သားရဲ့ အထိတ်တလန့် အသံအဆုံး ဝမ်ရိပေါ်ရဲ့ စီမှ အေးစက်တဲ့ အငွေ့အသက်ကိုချက်ချင်း ရလိုက်တာကြောင့် ဒူးတွေပင်မခိုင်ချင်တော့ပေ။
"မိစ္ဆာအငွေ့အသက်တော့ ရပါတယ်"
ဒီစကားပြောဖို့ သူ့မှာအတော်ကိုကြိုစားပြောလိုပင်မဲ့ အရှင့်စီက ထပ်ရလိုက်တဲ့ လူသတ်အငွေ့အသက်ကြောင့် ဒူပင်မခိုင်ချင်တော့။
ဝမ်ရိပေါ်ထွက်လာတဲ့ဒေါသပြန်ထိန်းချုပ်လိုက်သည်။မဟုတ်ရင် ဘေးမှာကလူသေသွားနိုင်သည်။
"အခုချက်ချင်း အကြီးအကဲတွေကိုစုလိုက်"
အရှင်ရဲ့ အေးစက်စက် စကားကြောင့် ကောင်လေးခများ ဘာမှထပ်မပြောပဲ ဖနောင့်တင်ပါး တသာတဲ့ကျအောင်ပြေးတာအကြီးအကဲတွေကိုလိုက်ခေါ်တော့သည်။ထိုကောင်လေးမေ့နေသည်မှာ စိတ်ချင်ဆက်သွယ်၍ ပြောလို့ရတယ်ဆိုတာပါပဲ အော်ကြောက်တတ်လေးခြင်း ကောင်လေးရယ်။
အကြီးအကဲတွေအကုန်လုံး သည်စော်ချွေးတွေပြန်နေသလိုနောက်ကျောတွေမှာလဲ ချွေးဆို့နေပြီဖြစ်သည်။သို့သော်မျက်နှာမှာ တော့ဘာမှအဖြစ်သလိုသာနေကြသည်။သူတို့အရှင်ရဲ့မျက်နှာသည် ခက်ထန်နေကာ မျက်လုံးအရောင်ကလဲအနီရောင်တောက်တောက် ဖြစ်နေတာကြောင့် မည်မျှပင် ဒေါသထွက်နေသည်ကို ခန့်မှန်းမိသည်။
"ငါကိုယ်တော်ကိုယ်တိုင် ကိုယ့်တော့်ရဲ့ကြင်ယာတော်ကို ပြန်သွားခေါ်ယူလာမယ်"
"အကြီးအကဲခေါင်းဆောင်တစ်ယောက်အနေနဲ့ အရှင်ကို ကူညီပေးချင်ပါတယ်"
"ဒုအကြီးအကဲအနေနဲ့ပါဝင်ပါရစေ"
ခေါင်းဆောင်ရဲ့စကားနောက်ဒုခေါင်းဆောင်ကလိုက်သလိုကျန်အကြီးအကဲများကလဲ သူတို့အရှင်ကို ကူညီရန် ပါဝင်ကြတော့သည်။
"ဒါဆို အကြီးအကဲတို့10ယောက်နဲ့သာ လုံလောက်သာမို့ ကျန်တဲ့လူတွေကိုမသိပါစေနဲ့"
"အမိန့်တော့အတိုင်းပါ"
အရှင်ကခန်းမကနေထွက်သွားချိန်တွင် အကြီးအကဲအကုန်လုံးလဲ ထွက်သွားတာတိတ်တဆိတ်ပြင်ဆင်နေသလို တစ်စုံတစ်ယောက်ကလဲထိုသတင်းကို ကြားကာတိတ်တဆိတ် အစီးစဥ်ချနေသည်။
YOU ARE READING
My Warlock (Completed)
RomanceWang Yibo; စုန်းမျိုးနွယ်က မျိုးရိုး ရှောင်းနဲ့ နာမည် ကျန့် ရှိတဲ့လူက ကျုပ်........အ.........ပိုင် Xiao Zhan; ငါက အမြဲတမ်းမင်းအပိုင်ပဲ လေး ခွေးပေါက်လေးရဲ့