အသက်၂၈ နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော်ကPark groupရဲ့ဘယ်သူမှမကျော်ရဲလောက်အောင် အောင်မြင်တဲ့ CEOတစ်ယောက်ပေ။
ဘွဲ့ရပြီးပြီးချင်း ဒယ်ဒီကရာထူးလွှဲပေးခဲ့တဲ့အခါ၂၃နှစ်ဟာ အသက်အရမ်းငယ်လို့ ရာထူးနဲ့မအပ်စပ်ဘူးလို့ဆိုကာ ဖြုတ်ချချင်တဲ့လူများကြောင့် ကျွန်တော့်တစ်နေ့တာရဲ့အချိန်
သုံးပုံနှစ်ပုံကိုအလုပ်ထဲ၌သာကုန်ဆုံးစေခဲ့သည်။
၅နှစ်တာကြိုးစားမှုတွေကအခုတော့အရာထင်ခဲ့လေပြီ။အလုပ်ထဲမှာ၅နှစ်လောက်နစ်မြုပ်ခဲဲ့တဲ့
ကျွန်တော်ကအလုပ်ကိုသာ ဘဝမှတ်ခဲ့သည်။
အဲ့အကျင့်ကိုပြောင်းလဲခဲ့တဲ့သူက
ကျွန်တော့်ရဲ့နှင်းလုံးကလေးပေါ့။ကျွန်တော်နဲ့နှင်းလုံးရဲ့တွေ့ဆုံမှုက
ကိုရီးယားကားတော့ဆန်သား။
အလုပ်ပိတ်ရက်ဆို ညနေခင်းပန်းခြံထဲမှာ
ပြေးလေ့ရှိတဲ့ကျွန်တော်ကမတ်လရဲ့တနင်္ဂနွေနေ့မှာ နှင်းလုံးနဲ့စတွေ့ခဲ့သည်။
မြေကြီးကိုပေါက်ထွက်မတတ်ကြည့်ကာ
လမ်းလျှောက်နေတဲ့ကောင်လေးနဲ့
အရှိန်ဖြင့်ပြေးလာတာမို့ အခြေအနေကို
မထိန်းလိုက်နိုင်တဲ့ ကျွန်တော်တို့ဝင်တိုက်မိသည့်အခါ ရုပ်ရှင်ဆန်ဆန်အမြန်ထပြီး
တစ်ယောက်နဲ့တစ်ယောက်လည်းမထူနိုင်ပါ။
ကျွန်တော်လည်းအားယူထလိုက်ပြီး
ကောင်လေးကိုလက်ကမ်းပေးတော့
သူကကျွန်တော့်လက်ကိုမကိုင်ခဲ့ပါဘူး။
သူ့ဘာသူအားယူထကာ ကျနေသည့် ပစ္စည်းများကိုကောက်ယူ၍ "တောင်းပန်ပါတယ်"ဟုသာ
ရွတ်နေသည့်ကောင်လေးကို
ကျွန်တော်ကြောင်အကာကြည့်နေမိသည်။ကြည့်နေတုန်းမှာပဲ သုတ်ခြေတင်ပြေးသွားသည့်ကောင်လေးကြောင့် နှစ်နှစ်ကာကာပြုံးလိုက်မိသည်။ခဏလေးမြင်လိုက်ရတာပေမယ့်
နှုတ်ခမ်းပါးလေးရယ်၊ ကလေးလေးတွေလို
နီနီရဲရဲပါးဖောင်းဖောင်းလေးရယ်၊
အလှဆုံးဖြစ်တဲ့ မျက်လုံးဝိုင်းလေးတွေရယ်ကိုတော့ မိန်းကလေးတစ်ယောက်ကိုတောင်
၃စက္ကန့်အပြင်ပိုမကြည့်တဲ့ကျွန်တော်က
ကောင်လေးရဲ့မျက်နှာကိုတော့အလွတ်မှတ်နိုင်ခဲ့သည်။ ဦးနှောက်ထက် နှလုံးသားကိုပိုအသုံးချမိလို့ထင်သည်။၂၈ နှစ်လုံးတစ်ခါမှမခုန်ခဲ့တဲ့ရင်က အခုမှအတိုးနဲ့အရင်းပေါင်းခုန်နေတာ ရင်ထဲရထား၁၀စင်းလောက်ခုတ်မောင်းနေသလို။