Sunday with YOU(unicode)

351 47 1
                                    

အသက်၂၈ နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော်ကPark groupရဲ့ဘယ်သူမှမကျော်ရဲလောက်အောင် အောင်မြင်တဲ့ CEOတစ်ယောက်ပေ။
ဘွဲ့ရပြီးပြီးချင်း ဒယ်ဒီကရာထူးလွှဲပေးခဲ့တဲ့အခါ၂၃နှစ်ဟာ အသက်အရမ်းငယ်လို့ ရာထူးနဲ့မအပ်စပ်ဘူးလို့ဆိုကာ ဖြုတ်ချချင်တဲ့လူများကြောင့် ကျွန်တော့်တစ်နေ့တာရဲ့အချိန်
သုံးပုံနှစ်ပုံကိုအလုပ်ထဲ၌သာကုန်ဆုံးစေခဲ့သည်။
၅နှစ်တာကြိုးစားမှုတွေကအခုတော့အရာထင်ခဲ့လေပြီ။

အလုပ်ထဲမှာ၅နှစ်လောက်နစ်မြုပ်ခဲဲ့တဲ့
ကျွန်တော်ကအလုပ်ကိုသာ ဘဝမှတ်ခဲ့သည်။
အဲ့အကျင့်ကိုပြောင်းလဲခဲ့တဲ့သူက
ကျွန်တော့်ရဲ့နှင်းလုံးကလေးပေါ့။

ကျွန်တော်နဲ့နှင်းလုံးရဲ့တွေ့ဆုံမှုက
ကိုရီးယားကားတော့ဆန်သား။
အလုပ်ပိတ်ရက်ဆို ညနေခင်းပန်းခြံထဲမှာ
ပြေးလေ့ရှိတဲ့ကျွန်တော်ကမတ်လရဲ့တနင်္ဂနွေနေ့မှာ နှင်းလုံးနဲ့စတွေ့ခဲ့သည်။
မြေကြီးကိုပေါက်ထွက်မတတ်ကြည့်ကာ
လမ်းလျှောက်နေတဲ့ကောင်လေးနဲ့
အရှိန်ဖြင့်ပြေးလာတာမို့ အခြေအနေကို
မထိန်းလိုက်နိုင်တဲ့ ကျွန်တော်တို့ဝင်တိုက်မိသည့်အခါ ရုပ်ရှင်ဆန်ဆန်အမြန်ထပြီး
တစ်ယောက်နဲ့တစ်ယောက်လည်းမထူနိုင်ပါ။
ကျွန်တော်လည်းအားယူထလိုက်ပြီး
ကောင်လေးကိုလက်ကမ်းပေးတော့
သူကကျွန်တော့်လက်ကိုမကိုင်ခဲ့ပါဘူး။
သူ့ဘာသူအားယူထကာ ကျနေသည့် ပစ္စည်းများကိုကောက်ယူ၍ "တောင်းပန်ပါတယ်"ဟုသာ
ရွတ်နေသည့်ကောင်လေးကို
ကျွန်တော်ကြောင်အကာကြည့်နေမိသည်။ကြည့်နေတုန်းမှာပဲ သုတ်ခြေတင်ပြေးသွားသည့်ကောင်လေးကြောင့် နှစ်နှစ်ကာကာပြုံးလိုက်မိသည်။

ခဏလေးမြင်လိုက်ရတာပေမယ့်
နှုတ်ခမ်းပါးလေးရယ်၊ ကလေးလေးတွေလို
နီနီရဲရဲပါးဖောင်းဖောင်းလေးရယ်၊
အလှဆုံးဖြစ်တဲ့ မျက်လုံးဝိုင်းလေးတွေရယ်ကိုတော့ မိန်းကလေးတစ်ယောက်ကိုတောင်
၃စက္ကန့်အပြင်ပိုမကြည့်တဲ့ကျွန်တော်က
ကောင်လေးရဲ့မျက်နှာကိုတော့အလွတ်မှတ်နိုင်ခဲ့သည်။ ဦးနှောက်ထက် နှလုံးသားကိုပိုအသုံးချမိလို့ထင်သည်။၂၈ နှစ်လုံးတစ်ခါမှမခုန်ခဲ့တဲ့ရင်က အခုမှအတိုးနဲ့အရင်းပေါင်းခုန်နေတာ ရင်ထဲရထား၁၀စင်းလောက်ခုတ်မောင်းနေသလို။

Sunday with YOUWhere stories live. Discover now