💢💢3💢💢

2K 31 1
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Unicode

💢မာနများနဲ့သူမ💢

         အခန်း(၃)

ဆံနွယ် ထမင်းသာစားနေရတာ
စိတ်ကမရိုးမရွဖြစ်နေရ၏။
အန်တီကတော့အားနာသလိုတဖွဖွပြောနေပေမဲ့
မင်းထက်စီး ဆိုတဲ့အရိုင်းအစိုင်းက
ကုန်းဘောင်ကြီးကြော်ကိုမြိန်ရေယှက်ရေ
စားသောက်ပြနေတာက ငတ်ပြတ်နေတဲ့အတိုင်း.....။

ဆံနွယ် ဆက်မစားချင်တော့တာကြောင့်
နည်းနည်းကျန်တဲ့ထမင်းနဲ့အတူ
ထရပ်လိုက်တော့ ဒေါ်ပိုးယုံပြာယာခတ်သွားကာ

“သမီး တော်ပြီလား ဘာလို့လဲ စားမကောင်းဘူးလား...အန်တီတို့ကိုပွင့်ပွင့်လင်းလင်းပြောနော်
သမီးဘာကြိုက်တယ်ဆိုတာမသိထားတော့
အဆင်ပြေတာလေးတွေချက်ထားရတာ....”

“ရပါတယ် ဆံနွယ်ကညစာသိပ်မစားတာ...."

ပန်းကန်ကိုင်ကာ မီးဖိုချောင်ထဲဝင်လာခဲ့တော့
ကြီးဝေဆိုတဲ့အမျိုးသမီးနှင့် ဘေးနားမှာ
ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်
မိန်းကလေးကရွှန်းရွှန်းဝေအောင် ပြုံးပြသလောက်
ကြီးဝေကဖာသိဖာသာပဲနေ၏။
ဆံနွယ်ကလဲလူတရုန်းရုန်းနဲ့နေတဲ့လူ
မဟုတ်တာကြောင့် ပန်းကန်သာဆေးရင်း
နေရာတကျထားကာ လှည့်ထွက်လာခဲ့သည်။

“ဟာ....”

ဆံနွယ်သွားမဲ့လမ်းမှာပိတ်ရပ်နေတဲ့သူကြောင့်
မျက်နှာလေးမော့ကြည့်လိုက်မိတော့ မင်းထက်စီး..

ထို့အတူအထက်စီးကနေငုံ့မိုးကြည့်နေရတဲ့သူက
ဆံနွယ့်ထက်ခေါင်းတစ်လုံးကျော်အရပ်ရှည်၏။
စူးရှတဲ့မျက်ဝန်းတွေနဲ့လူကိုအကဲခတ်သလို
ကြည့်နေတာကြောင့် စိတ်ထဲနည်းနည်းတော့တင်းမိရင်း သူ့နားက နားကပ်ရဲရဲကို အမြင်ကပ်သလို
မျက်နှာလွှဲလိုက်မိသည်။
ဘယ်ယောင်္ကျားလေးက နားကပ်အနီတပ်လို့လဲ???

💢မာနများနဲ့သူမ💢 {Complete}Where stories live. Discover now